၅ညအိပ်/ ၆ရက် ထိုင်ဝမ် ခရီးစဉ်

(၂၃ - ၂၈ အောက်တိုဘာ ၂၀၁၈ ခရီးစဉ်)


Price - 1,260 USD


DATE Flight No. SECTOR DEPT ARRV
23.Oct.2018 CI 7916 YANGON - TAIPEI 10:45 16:20
28.Oct.2018 CI 7915 TAIPEI – YANGON 07:00 09:50

DAY 1: YANGON - TAIPEI - YEHLIU

မနက် ၁၀:၄၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Airlines လေယာဉ် CI.7916 ဖြင့် ထိုင်ဝမ်နိုင်ငံသို့ ထွက်ခွာကြပါမည်။ ညနေ ၀၄း၂၀ နာရီအချိန်တွင် ထိုင်ဝမ်နိုင်ငံ Taoyuan လေဆိပ်သို့ ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုနေပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် နာမည်ကျော် Ximending Night Market သို့ သွားရောက်၍ မိမိစိတ်ကြိုက်ဈေးဝယ် ထွက်ကြပါမည်။ ထို့နောက် Yehliu သို့ခရီးဆက်ကာ ကြယ်လေးပွင့် အဆင့်ရှိ Inhouse Resort Hotel or Similar သို့ သွားရောက်ပြီး Check in ၀င်ပြီး တစ်ညတာကို အိပ်စက် အနားယူကြပါမည်။

DAY 2: : YEHLIU –TAIPEI- HUALIEN

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out လုပ်ပြီး ပင်လယ်ကမ်းခြေရှိရာ နာမည်ကျော် Yehliu Geo National Park သို့ သွားရောက်ပြီး မီတာ ၁၇၀၀ အရှည်ရှိသော ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ဘုရင်မဦးခေါင်း ပုံသဏ္ဍာန် ဖြစ်ပေါ်နေသော ကျောက်ဆောင်ကြီး နှင့် အံ့သြဖွယ် လှပခမ်းနားပြီး သဘာဝ၏ တိုက်စားမှူ့ကြောင့် ဖြစ်ပေါ်နေသည့် အသွင်ထူးသော ကျောက်ဆောင် အမျိုးမျိုးတို့ကို မြင်တွေ့နိုင်မည့် Fairy’s Shoe နဲ့ Candlestick စသည်တို့ကို သွားရောက် လည်ပတ်ကြည့်ရှူ့ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး ကြပါမည်။ ထို့နောက် ထိုင်ဝမ် သို့ ပြန်ကာ ထိုင်ဝမ်အမျိုးသား ခေါင်းဆောင်ကြီး ချန်ကေရှိတ်၏ အထိမ်း အမှတ် ပြတိုက်ဖြစ်သော Chiang-Kai-Shek Memorial Hall f သို့ ၀င်ရောက် လေ့လာကာ အစောင့်များ၏ တာဝန်လဲချိန်ကို ကြည့်ရှုကြပါမည်။ ထို့နောက် နေ့လည်စာကို Dim-sum ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ကမ္ဘာအမြင့်ဆုံးတာဝါ တစ်ခုဖြစ်ခဲ့သည့် နာမည်ကျော် 101 Tower ၏ 88-89 ထပ်သို့ တတ်ရောက် လည်ပတ်ကြပါမည်။ ဆက်လက်၍ ထိုင်ဝမ်၏ နာမည်ကျော် အစားအသောက် တစ်ခုဖြစ်သော Pineapple Cake ဆိုင်သို့သွားရောက်ကြပါမည်။ ထို့နောက် Hualien မြို့ (Hualien Station) သို့ Su-ao Xin Station မှ ထွက်ခွာကာ ရထားစီးချိန် တစ်နာရီခန့် ကြာမြင့်ပါမည်။ ညစာကို Hualien မြို့ ရှိ Organic food Restaurant တွင် သုံးဆောင်ပြီးနောက် ကြယ်လေးပွင့် အဆင့်ရှိ Park View Hotel or Similar Hotel သို့ သွားရောက် Check-in ၀င်၍ အိပ်စက် အနားယူကြပါမည်။

DAY 3: HUALIEN – TAICHUNG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ပြီး သဘာဝပတ်ဝန်းကျင် အလှအပကို ကြည့်ရှ့ခံစား နိုင်မည့် Taroko National Park သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ရင်သပ်ရှု့မောဖွယ် သဘာဝအလှတရားများ ကိုမြင်တွေ့နိုင်မည့် ဥမင်လှိုင်ခေါင်း နှင့် ဆက်၍ တံတား ဆောက်လုပ်ထားသည့် Swallow Grotto သို့ သွားရောက် လည်ပတ်ကြပါမည်။ ဆက်လက်၍ Hualian Landmark တစ်ခု ဖြစ်သည့် ရေတံခွန် မြင်ကွင်းဖြင့် သာယာလှပသည့် Changchun Shrine ဘုရားကျောင်းသို့ လည်ပတ်ကြပါမည်။ ထို့နောက် Qixing tan ပင်လယ်ကမ်းခြေ သို့ လည်ပတ်ကာ နေ့လည်စာ ကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင် ကြပြီးနောက် Hualien Station မှ Su-Ao Xin Station မြို့သို့ ရထားဖြင့် ဆက်လက် ထွက်ခွာကြပါမည်။ ရထားစီးချိန် တစ်နာရီ ကျော်ခန့်ကြာပြီး နောက် Su-Ao Xin Station သို့ ရောက်ရှိကာ Taichung မြို့ သို့ သွားရောက်ပြီး ညစာကို Taichung ရှိ Local Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ကြယ်လေးပွင့် အဆင့်ရှိ Inone City Inn Hotel or Similar Hotel သို့ သွားရောက်ပြီး Check-in ၀င်၍ အိပ်စက် အနားယူကြပါမည်။

DAY 4: TAICHUNG– CHIAYI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ် မှ Check-out ပြုလုပ်ပြီး Taichung မြို့ မှ ကုန်းတွင်း ပိတ်နိုင်ငံလေး တစ်ခုဖြစ်သော နန်ထုံ Nantou သို့ ကားဖြင့် ဆက်လက် ထွက်ခွာကြပါမည်။ ကားမောင်းကြာချိန် တစ်နာရီခန့်ကြာပြီးနောက် နန်ထုံမြို့သို့ ရောက်ရှိကာ ထိုင်ဝမ် တိုင်းရင်းသား လူမျိုးတို့၏ ခေတ်ဟောင်းယဉ်ကျေးမှု့အမွေအနှစ်များကို ပြန်လည် အသက်သွင်းပုံဖော်ထားသော Formosa Culture Villiage သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Cable ဖြင့် ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံး ရေကန်ဖြစ်သော နေလကန် Sun Moon Lake သို့ သွားရောက် လည်ပတ်ကာ နေလကန် အတွင်း Cruise စီး၍ သဘာဝ အလှများကို ခံစားကြပါမည်။ ဆက်လက်၍ Chiayi မြို့သို့ ထွက်ခွာကာ ညနေပိုင်းတွင် Chiayi မြို့တွင် ညစာကို Hot-Pot ဖြင့် သုံးဆောင်ကြပြီးနောက် ကြယ်လေးပွင့် အဆင့်ရှိ Prince Hotel or Similar Hotel သို့ Check-in ၀င်ကာ တစ်ညတာကို အိပ်စက်အနားယူကြပါမည်။

DAY 5: CHIAYI - ALISHAN - TAOYUAN

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out လုပ်ကာ အမျိုးသားသဘာဝဥယျာဉ် Alishan National Park သို့ သွားရောက် လည်ပတ်ကြပါမည်။ Alishan အမျိုးသာဥယျာဉ်ကြီးအတွင်း သမိုင်းဝင်သစ်တော ရထားလမ်း တစ်လျှောက် မီးရထားဖြင့် လှည့်လည် ကြည့်ရှု လည်ပတ်ကြပါမည်။ ထို့နောက် Sister Pond သို့ သွားရောက်ပြီး သဘာဝ ရှုခင်းအလှအပများ ခံစားကြပါမည်။ ဆက်လက်၍ Alishan တောင်ပေါ်မှ ပြန်ဆင်းကာ တောင်ဆင်း လမ်းတစ်လျှောက်တွင်ရှိသော Applause in the Mountain တွင် နေ့လည်စာ သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Tea Farm ရှိ သဘာဝ လက်ဖက်စိုက်ခင်းများကို ကြည့်ရူ ခံစားကြပြီးနောက် Taoyuan မြို့သို့ ပြန်လည် ထွက်ခွာကြပါမည်။ ညစာကို Taoyuan မြို့ ရှိ Local Restaurant တွင် သုံးဆောင်ပြီးနောက် ကြယ်လေးပွင့် အဆင့်ရှိ Chateau De Chine Hotel or Similar Hotel သို့ သွားရောက်ပြီး Check-in ၀င်၍ အိပ်စက် အနားယူကြပါမည်။

DAY 6: TAOYUAN – YANGON

နံနက် စောစော ၄ နာရီ အချိန်ခန့်တွင် ဟိုတယ် မှ Check-out ပြုလုပ်ပြီး Taoyuan လေဆိပ် သို့ Check-in ၀င်ရန် သွားရောက်ပါမည်။ မနက်စာကို Breakfast Box ဖြင့် သုံးဆောင်ကြပါမည်။ China Airlines လေယာဉ် CI.7915 ဖြင့် ၀၇:၀၀ နာရီအချိန် တွင် Taoyuan မြို့ မှ ထွက်ခွာကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ မနက် ၀၉:၅၀ နာရီအချိန် တွင် စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပြန်လည် ရောက်ရှိပါမည်။

****************** End of Tour ******************

၅ညအိပ်/၆ရက် ထိုင်ဝမ် ခရီးစဉ်ဈေးနှုန်း

၂၃-၂၈ အောက်တိုဘာလ ၂၀၁၈ ခရီးစဉ်

1.လူကြီးတစ်ဦးဈေးနူန်း USD 1260 (နှစ်ယောက်တစ်ခန်းနေလျှင်)
2.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 1260 (အခန်းတစ်ခန်းထဲတွင် လူကြီးနှင့်အိပ်လျှင်)
3.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 1060 (မိဘနှင့်အတူအိပ်လျှင်)
4.တစ်ယောက်ခန်းနှင့်နေလျှင် USD 1460

မှတ်ချက်

  • ၁) ဖေါ်ပြပါခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ မရှိပါ။
  • ၂) ခရီးစဉ်သွားဖြစ်ရန်သေချာပါက ဖေါ်ပြပါခရီးစဉ်ဈေးနှုန်း၏ 50% ကို ကြိုတင်ငွေ Deposit အဖြစ် ပေးသွင်းရပါမည်။ ကျန်ငွေ 50% ကို ခရီးမထွက်ခင် ၁၀ရက် အလို/ ဗီဇာရပြီးချိန်တွင် ပေးချေရပါမည်။
  • ၃) ဗီဇာရပြီးချိန် သို့ ခရီးမသွားခင် ၇ ရက်အလိုတွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်မလိုက်ဖြစ်ပါက ဧည့်သည်တော်များသည် ခရီးစဉ်တစ်ခုလုံး၏ ကျသင့်ငွေ 100% Cancellation Charge ထိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ၄) အထက်ဖော်ပြပါ ခရီးစဉ်ဈေးနှုန်းများသည် ယခုလက်ရှိ ခန့်မှန်းခြေ လေယာဉ်လက်မှတ်ဈေးနှုန်း အပေါ်မူပြီး တွက်ချက်ထားသော ဈေးနှုန်းဖြစ်ပါသည်။
  • • (ယခုလက်ရှိတွင် ဟိုတယ် နှင့် လေကြောင်းလိုင်းများကို ကြိုတင် ဘိုကင်ထားခြင်း မရှိသေးပါ။)
  • • (လေယာဉ် လက်မှတ် ထုတ်သည့်အချိန် လေယာဉ်ခုံရရှိမှူ့  အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။)

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) ဖေါ်ပြပါ 4 Star အဆင့်ရှိ ဟိုတယ်များတွင် ၅ ည အိပ်တည်းခိုနိုင်မူ (5 Nights Accommodations)
  • ၂) ထိုင်ဝမ်နိုင်ငံသို့ အသွားအပြန်လေယာဉ်လက်မှတ် China Airline (CI) အသွားအပြန်လေယာဉ်လက်မှတ်
  • ၃) ထိုင်ဝမ်ဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မူများ
  • ၄) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transportation)
  • ၅) အထက်ပါ ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
  • ၆) ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ နှင့် ညနေစာများ
  • ၇) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
  • ၈) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • ၉) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၀) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၁) ခရီးသွား အာမခံ ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မှုများနှင့် ၀င်ကြေးများ
  • ၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • ၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • ၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)
^