၃ ည/၄ ရက် စင်ကာပူ ခရီးစဉ်

( ၁၃ ~ ၁၆ ဇူလိုင်လ ၂၀၁၉ ခရီးစဉ် )

Flight Schedule (MNA Airlines)
Flight No. SECTOR DEPT ARRV
UB.001 RGN – SIN 07:30 12:00
UB.002 SING – RGN 01:15 02:45

Day.1:(13 July 2019 ) YANGON – SINGAPORE

နံနက် ၀၇း၃၀ နာရီအချိန်တွင် ရန်ကုန်လေဆိပ်မှ MNA Airlines လေယာဉ် UB.001 ဖြင့် ထွက်ခွာပြီး စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် ရောက်ရှိပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုကာ City Tour အဖြစ် Merlion Park သို့ သွားရောက်ကာ Singapore နိုင်ငံ၏ Landmark တစ်ခုဖြစ်သော Marlion ရုပ်ထုကြီးနှင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် Esplanade နှင့် Suntec City သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် မြန်မာလူမျိုး အများစုရှိသည့် Peninsula Plaza (City Hall) သို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် ညစာကို Fort Canning Lodge တွင် International Buffet ဖြင့် သုံးဆောင်ပြီးနောက် Local 3 Star Hotel Chancellor @ Orchard Area (or) Similar Hotel သို့ Check in ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day.2:(14 July 2019) SINGAPORE SIGHTSEEING

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် ရုက္ခဗေဒဥယျာဉ် Garden By the Bay သို့ သွားရောက်ကာ ရာသီအလိုက် ပန်းမန်ပန်းခင်းများ စိုက်ပျိုးထားသည့် Flower Dome သို့ သွားရောက် လည်ပတ်ကြပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာ ၀ယ်ယူကြသည့် Diamond Factory နှင့် Harbour Mart Oil Shop တို့သို့ သွားရောက် လေ့လာ ၀ယ်ယူကြပါမည်။ ထို့နောက် နေ့လည်စာ ကို Korea BBQ Restaurant သို့ သွားရောက်ပြီး သုံးဆောင်ကြ ပါမည်။ ထို့နောက် Mt. Faber တောင်သို့ သွားရောက်ကာ တောင်ပေါ်မှနေ၍ Sentosa Island သို့ Cable Car စီး၍ သွားရောက်ကြပါမည်။ နေ့လည်စာ ကို Local Restaurant တွင် Mongolian BBQ (Buffet) ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Sentosa ထို့နောက် Sentoasa Island ထဲရှိ အကြီးဆုံးရေအောက် ငါးပြတိုက်တစ်ခုဖြစ်သည့် Sea Aquarium Museum သို့ ၀င်ရောက် လည်ပတ်ကြပါမည်။ ထို့နောက် ညစာကို Grand Pacific Restaurant သို့ သွားရောက်ပြီး ညစာ ကို Buffet ဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day.3:(15 July 2019) SINGAPORE SIGHTSEEING

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Singapore တွင် တစ်နှစ်မှာ တစ်ကြိမ် Special Promotion Sales ရှိသည့် Mid Year Discount ပွဲတော် Great Singapore Sales ( 21 June 2019 မှ 22 July 2019 ) ကာလတွင် Bugis လမ်းမတစ်လျှောက် , Vivo City နှင့် နာမည်ကျော် Branded များရောင်းချသော Orchard Road နှင့် အခြားသော နာမည်ကြီး နေရာများ ၊ Shopping Mall များတွင် မိမိစိတ်ကြိုက် မိမိ ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက်ပြီး ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာ နှင့် ညစာ ကို မိမိစိတ်ကြိုက် ကိုယ်ပိုင် အစီအစဉ်ဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day.4:(16 July 2019) SINGAPORE - DEPARTURE

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ပြီး စင်ကာပူ၏ China Town ဧရိယာတွင်ရှိသော Buddha Tooth Relic Temple သို့ သွားရောက် ဖူးမျှော်ကြပါမည်။ ထို့နောက် ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာရန် အတွက် Check in ၀င်ရန် Singapore Changi Airport သို့ ထွက်ခွာကြပါမည်။ လေဆိပ်သို့ ရောက်လျှင် Check in ၀င်ကာ Immigration ဖြတ်ပြီးနောက် နေ့လည် ၀၁း၁၅ နာရီအချိန်တွင် စင်္ကာပူမြို့မှ MNA လေယာဉ်အမှတ် UB.002 ဖြင့် ပြန်လည်ထွက်ခွာကြကာ ဧည့်သည် တော်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ညနေ ၀၂း၄၅ နာရီအချိန်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပြန်လည် ရောက်ရှိ ကြပါမည်။

********************** ခရီးစဉ်ပြီးဆုံးပါပြီ။ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်လျှက်...********************

၃ည/ ၄ရက် စင်္ကာပူ ခရီးစဉ်

၁၃ ~ ၁၆ ဇူလိုင်လ ၂၀၁၉ ခရီးစဉ် ဈေးနှုန်း

1. လူကြီးတစ်ဦးဈေးနူန်း USD 550 (နှစ်ယောက်တစ်ခန်းနေလျှင်)
2. ၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 542 (ကုတင်အပိုနှင့်အိပ်လျှင်)
3. ၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 501 (မိဘနှင့် ကုတင်အတူအိပ်လျှင်)
4. တစ်ယောက်ခန်းနှင့်နေလျှင် USD 735

မှတ်ချက်

  • (၁) အထက်ဖေါ်ပြပါ ခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီး ပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ (လုံးဝ) မရှိပါ။
  • (၂) ခရီးစဉ်သွားဖြစ်ရန်သေချာပါက ဖေါ်ပြပါခရီးစဉ်ဈေးနှုန်း၏ 50% ကို ကြိုတင်ငွေ Deposit အဖြစ်ပေးသွင်းရပါမည်။ ကျန်ငွေ 50% ကို ခရီးမထွက်ခင် ၁၀ ရက် အလိုတွင် ပေးချေရပါမည်။
  • (၃) Final Payment ပေးခြေပြီးနောက် ခရီးမသွားခင် ၁ ~ ၃ ရက် အလိုတွင် အကြောင်းအမျိုးမျိုးကြောင့်မလိုက်ဖြစ်ပါက Cancellation Charges အဖြစ် 100% ကောက်ခံပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • (၁) ဖေါ်ပြပါ Local 3 Star အဆင့်ရှိ ဟိုတယ်များတွင် ၃ ညအိပ်တည်းခိုနိုင်မူ (3 Night Accommodations)
  • (၂) MNA Airlines လေယာဉ် အသွားအပြန်လေယာဉ်လက်မှတ် (RGN-SIN-RGN)
  • (၃) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transportation)
  • (၄) ခရီးစဉ်တွင် ဖေါ်ပြထားသော S.E.A Aquarium နှင့် Flower Dome ၀င်ကြေး
  • (၅) ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ နှင့် ညနေစာများ (B=Breakfast/ L=Lunch/ D=Dinner)
  • (၆) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
  • (၇) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • (၈) Guide နှင် Driver အတွက်ပေးရသော Tip Money
  • (၉) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader
  • (၁၀) ခရီးစဉ် တလျှောက် ခရီးသွား အာမခံကြေး

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • (၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • (၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများနှင့် ၀င်ကြေးများ
  • (၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • (၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • (၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • (၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)
  • (၇) Days 2: 14 July 2019 အတွက် ပါဝင်သော ၀န်ဆောင်မှူ့များထဲတွင် ဖော်ပြထားသည့် ၀င်ကြေး မှအပ အခြားသော Sentosa ထဲရှိ Attraction Tickets Fees များ မပါဝင်ပါ။
  • (၈) Day 3: 15 July 2019 တွင်Local Guide , Transportation Car , Lunch/Dinner , Attraction Tickets Fees နှင့် အခြားသောဝန်ဆောင်မှုများ မပါဝင်ပါ။

****************** End ******************

^