၎ ညအိပ် ၅ ရက် မလေးရှား ခရီးစဉ်

(၁၃ - ၁၇ ဧပြီလ ၂၀၁၉ ခရီးစဉ်)

Price - 597 USD


DATE Flight No. SECTOR DEPT ARRV
13.April.2019 MH.741 YANGON - KUALA 11:30 15:50
17.April.2019 MH.740 KUALA - YANGON 09:15 10:25

DAY 1: YANGON – KUALA LUMPUR (MALAYSIA)

နေ့လည် ၁၁း၃၀ နာရီ အချိန်တွင် ရန်ကုန်လေဆိပ် မှ Malaysia Airlines လေယာဉ် MH.741 ဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာကာ ညနေ ၁၅း၅၀ နာရီအချိန်တွင် မလေးရှားနိုင်ငံရှိ KLIA လေဆိပ်သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် Kuala Lumpur မြို့ သို့ ဆက်လက်ထွက်ခွာ ကြပါမည်။ ထို့နောက် ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် ကြယ်သုံးပွင့် အဆင့်ရှိ Transit Hotel Kul (or) Similar Hotel သို့ သွားရောက်ပြီး Check-in ၀င်ပါမည်။ ထို့နောက် ဟိုတယ် သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

DAY 2: KUALA LUMPUR (MALAYSIA)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ကြပါမည်။ နံနက်စာ သုံးဆောင်ပြီးနောက် Kuala Lumpur မြို့တွင် City Tour အဖြစ် ကွာလာလမ်ပု မြို့ ၏ ခန့်ညားထယ်ဝါသော King’s Palace သို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် မလေးရှားနိုင်ငံ ၏ အမျိုးသားရေး မျိုးချစ်စိတ်ဓါတ် အထိမ်းအမှတ် တစ်ခု ဖြစ်သည့် National Monument ၊ မလေးရှားနိုင်ငံ၏ အမျိုးသားရေး ဆိုင်ရာ ဗလီကြီး National Mosuque နှင့် ၁၉၈၉ အောက်တိုဘာလ တွင် အမည်ပြောင်းလဲခဲ့သည့် Merdeka Square ဟု လူသိများသည့် Independence Square သို့ သွားရောက် လည်ပတ် လေ့လာ ကြပါမည်။ ထို့နောက် မလေးရှားနိုင်ငံ Kuala Lumpur မြို့ ၏ Landmark တစ်ခုဖြစ်သည့် Twin Tower သို့သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ သွားရောက် ရိုက်ကြပါမည်။ ထို့နောက် နေ့လည်စာ ကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Central Market နှင့် Bukit Bintang သို့ သွားရောက်ပြီး မိမိစိတ်ကြိုက် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ညစာကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

DAY 3:KUALA LUMPUR (MALAYSIA) - GENTING HIGHLANDS - KUALA LUMPUR

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် လှေခါးထစ် (၂၇၂) ထစ်ရှိသော ဟိန္ဒူနတ်ဘုရား ရွှေရောင် ရုပ်ထုကြီးရှိသည့် ထုံးကျောက်ဂူ Batu Cave သို့ ၀င်ရောက် လေ့လာ လည်ပတ်ကြပါမည်။ ထို့နောက် ဒေသထွက်ကုန် နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ရောင်းချသည့် Local Product သို့ သွားရောက်ပြီး အိမ်ပြန်လက်ဆောင် မိမိ စိတ်ကြိုက် ၀ယ်ယူနိုင်ရန် အတွက် ဈေးဝယ်ထွက်ချိန် ပေးပါမည်။ ထို့နောက် နေ့လည်စာ ကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Genting Highlands သို့ သွားရောက် လည်ပတ်ကြပါမည်။ ညနေတွင် Genting Highlands မှ Kuala Lumpur မြို့ သို့ ပြန်လည် ထွက်ခွာကြပါမည်။ ကွာလာလမ်ပု မြို့ သို့ ရောက်လျှင် ညစာ ကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

DAY 4: KUALA LUMPUR (Malacca) - KUALA LUMPUR

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ယူနက်စကို၏ ကမ္ဘာ့မွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရသည့် Malacca (မလက်ကာ) ရေလက်ကြားတွင် တည်ရှိသော ရှေးဟောင်းမြို့များထဲမှ မြို့လေးတစ်မြို့ ဖြစ်သည့် MKZ City (မလကာမြို့) သို့ ကားမောင်း ကြာမြင့်ချိန် ၂ နာရီခန့် ဖြင့် ဆက်လက် ထွက်ခွာ ကြပါမည်။ ထို့နောက် ဒက်ခ်ျအုပ်ချုပ်ရေးမှာ အချက်အချာကျပြီး ဒက်ခ်ျမှ တင်သွင်းလာတဲ့ အုတ်များနဲ့ ၁၆၄၁ ခန့်တွင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အရှေ့ပိုင်းမှာ ရှေးအကျဆုံး ဒက်ခ်ျအဆောက်အဦးတေအဆောက်အဦး နီနှီကြီးများ တည်ရှိသည့် နံမည်ကျော်ကြားသည့် ကမ္ဘာလှည့် ခရီးသွားများဖြင့် စည်ကားသည့် ဒက်ခ်ျရင်ပြင် (Dutch Square) နှင့် နံမည်ကျော် Gate တစ်ခု ဖြစ်သည့် Porte De Santiago သို့ သွားရောက်လည်ပတ် လေ့လာကြပါမည်။ ထို့နောက် စိန့်ပေါလ်ဘုရားကျောင်း တည်ရှိရာ စိန့်ပေါလ်တောင် St Paull Hill သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာ ကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Malacca River သို့ Cruise ဖြင့် သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ၁၇ ရာစု မှ နေအိမ် အဆောက်အဦးများနှင့် ၀န်းရံ ထားပြီး ရှေးဟောင်း အနုပညာ လက်ရာဆိုင်များ ၊ ကြေးသွန်း ရုပ်ထုများ ရောင်းချသည့် ဆိုင်များ ၊ တရုတ်ရိုးရာ လက်မှူ့ပစ္စည်းဆိုင်များ ၊ အင်္ကျီအ၀တ်အစား ဆိုင်များ နှင့် ဒေသထွက်ကုန်များ ရောင်းချသည့် ဈေးဆိုင်လေးများဖြင့် စည်ကားသည့် Jonker Street သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Kuala Lumpur မြို့ သို့ ပြန်လည် ထွက်ခွာကြပါမည်။ ညစာ ကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

****************** End of Tour ******************

DAY 5: KUALA LUMPUR - DEPERTURE to YANGON

နံနက် စောစောတွင် ဟိုတယ် မှ Check-out ပြုလုပ်ပြီး ကွာလာလမ်ပူ ရှိ KLIA လေဆိပ်သို့ Check-in ၀င်ရန် ထွက်ခွာကြပါမည်။ နံနက် ၀၉:၁၅ နာရီအချိန်တွင် Malaysia Airlines လေယာဉ် MH.740 ဖြင့် မလေးရှားနိုင်ငံ မှ ထွက်ခွာကာ မြန်မာစံတော်ချိန် နံနက် ၁၀:၂၅ နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြန်လည်ရောက်ရှိပါမည်။

၎ ညအိပ်/ ၅ ရက် မလေးရှား ခရီးစဉ် ဈေးနှုန်း

၁၃ - ၁၇ ဧပြီလ ၂၀၁၉ ခရီးစဉ်

1.လူကြီးတစ်ဦးဈေးနူန်း USD 597 (နှစ်ယောက်တစ်ခန်းနေလျှင်)
2.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 587 (ကုတင်အပိုနှင့်အိပ်လျှင်)
3.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 532 (မိဘနှင့် ကုတင်အတူအိပ်လျှင်)
4.တစ်ယောက်ခန်းနှင့်နေလျှင် USD 677

မှတ်ချက်

  • ၁) ဖေါ်ပြပါခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ မရှိပါ။
  • ၂) ခရီးစဉ်သွားဖြစ်ရန်သေချာပါက ဖေါ်ပြပါခရီးစဉ်ဈေးနှုန်း၏ 50% ကို ကြိုတင်ငွေ Deposit အဖြစ် ပေးသွင်းရပါမည်။ ကျန်ငွေ 50% ကို ခရီးမထွက်ခင် ၁၀ရက် အလို/ ဗီဇာရပြီးချိန်တွင် ပေးချေရပါမည်။
  • ၃) ဗီဇာရပြီးချိန် သို့ ခရီးမသွားခင် ၇ ရက်အလိုတွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်မလိုက်ဖြစ်ပါက ဧည့်သည်တော်များသည် ခရီးစဉ်တစ်ခုလုံး၏ ကျသင့်ငွေ 100% Cancellation Charge ထိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ၄) အထက်ဖော်ပြပါ ခရီးစဉ်ဈေးနှုန်းများသည် ယခုလက်ရှိ ခန့်မှန်းခြေ လေယာဉ်လက်မှတ်ဈေးနှုန်း အပေါ်မူပြီး တွက်ချက်ထားသော ဈေးနှုန်းဖြစ်ပါသည်။
  • • (ယခုလက်ရှိတွင် ဟိုတယ် နှင့် လေကြောင်းလိုင်းများကို ကြိုတင် ဘိုကင်ထားခြင်း မရှိသေးပါ။)
  • • (လေယာဉ် လက်မှတ် ထုတ်သည့်အချိန် လေယာဉ်ခုံရရှိမှူ့  အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။)

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) ဖေါ်ပြပါ 3 Star အဆင့်ရှိ ဟိုတယ်များတွင် ၄ ည အိပ်တည်းခိုနိုင်မူ (4 Nights Accommodations)
  • ၂) မလေးရှားနိုင်ငံ သို့ အသွားအပြန် လေယာဉ်လက်မှတ် Malaysia Airline (MH) အသွားအပြန်လေယာဉ်လက်မှတ်
  • ၃) မလေးရှား ဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မူများ
  • ၄) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transportation)
  • ၅) အထက်ပါ ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
  • ၆) ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ နှင့် ညနေစာများ
  • ၇) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
  • ၈) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • ၉) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၀) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၁) ခရီးသွား အာမခံ ၀န်ဆောင်မှု

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများ နှင့် ၀င်ကြေးများ
  • ၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး ၊ သောက်ရေသန့် နှင့် အခြားဖျော်ရည်ယမကာများ
  • ၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ ၊ ဖုန်းသုံးစွဲခ နှင့် Mini Bar အသုံးပြုခများ
  • ၅) ခရီးဆောင်အိတ်များ သယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

မလေးရှား ဗီဇာလျှောက်ရန်လိုအပ်ချက်များ

  • ၁) နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ် မူရင်း နှင့် မိတ္ထူ
    • အနည်းဆုံး သက်တမ်း ၆ လ နှင့် ဗီဇာစာမျက်နှာ အနည်းဆုံး အလွတ် ၃ ရွက် ၆ မျက်နှာ ကျန်ရှိနေရပါမည်။
  • ၂) ဓါတ်ပုံ ၂ ပုံ
    • size 3.5*5.0 cm ရှိရပါမည်။
    • နောက်ခံအဖြူ နှင့် ၆ လ အတွင်း ရိုက်ကူးထားကာ ကြည်လင်ပြတ်သားသည့် ဓါတ်ပုံ ဖြစ်ရမည်။
    • scan ဖတ်ထားပြီး Print ထုတ်ထားသောပုံများ (လုံးဝ) လုံးဝ လက်မခံပါ။
  • ၃) သန်းခေါင်စာရင်းမူရင်း/မိတ္ထူ နှင့် နိုတြီ မူရင်း/မိတ္ထူ
    • မိမိ၏ ပတ်စ်ပို့စာအုပ်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းတွင်ပါရှိသော နာမည်နှင့် မွေးသက္ကရာဇ်များ လုံးဝတူညီရပါမည်။
    • သန်းခေါင်စာရင်းထဲတွင် မှတ်ပုံတင်နှင့် မွေးသက္ကရာဇ်တို့ ပါရှိရပါမည်။
    • အသက် ၁၀နှစ်ပြည့်ပြီး ကလေးများ ၁၀ နှစ်ပြည့်မှတ်ပုံတင်ရှိရပါမည်။ ၁၈နှစ်ပြည့်ပြီးပါက ၁၈နှစ်ပြည့် မှတ်ပုံတင်ရှိရမည်။
    • အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် မရှိသေးပါက မွေးစာရင်းမူရင်း နှင့် ကျောင်းသားကဒ် ပြပေးရပါမည်။
    • ခရီးသွားမည့်သူတို့သည် အိမ်ထောင်ဖက်စုံတွဲဖြစ်သော်လည်း သန်းခေါင်းစာရင်းတွင် မပါဝင်သေးပါက လ.၀.က တွင် ထည့်သွင်း ထားရပါမည်။ အကယ်၍ မထည့်ရသေးပါက မိမိတို့၏ လက်ထက် စာချုပ်မူရင်းဖြင့် ပြပေးရပါမည်။
  • ၄) ခရီးသွားမည့် သူသည် ကိုယ်ပိုင် ကုမ္ပဏီ ပြပေးနိုင်ပါက
    • သက်တမ်းကျန်ရှိနေသေးသော ကုမ္ပဏီ လိုင်စင် မူရင်း + Director List + Form 6/26 မူရင်းပြပေးရပါမည်။
    • ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်ဖြစ်ပါက ထ.သ.က လိုင်စင် မူရင်းပြပေးရပါမည်။ (သို့မဟုတ်)
    • စည်ပင်လုပ်ငန်း လိုင်စင်မူရင်း ပြပေးရပါမည်။
  • ၅) သွားရောက် လည်ပတ်မည့်သူသည် ကုမ္ပဏီ ပိုင်ရှင်ဖြစ်ပါက။
    • ကိုယ်တိုင်ရေး Request Letter ပါရှိရပါမည်။
    • Malaysia ခရီးစဉ် ဘယ်နေ့  မှ ဘယ်နေ့ အထိ သွားရောက် လည်ပတ် ခွင့်ပေးပါရန် ။
    • သွားရောက်လည်ပတ်မည့်သူ၏ နံမည်
    • သွားရောက်လည်ပတ်မည့်သူ၏ ကုမ္ပဏီ နံမည်
    • သွားရောက်လည်ပတ်မည့်သူ၏ Passport နံပါတ်
    • သွားရောက်လည်ပတ်မည့်သူ ကုမ္ပဏီ ၏ letter head ဖြင့်ရေးပေးရပါမည်။
    • Request Letter အောက်ဆုံးတွင် မိမိရာထူးပါဝင်သည့် ကုမ္ပဏီ တံဆိပ်တုံး ထုပေးပြီး လက်မှတ် ရေးထိုးပေး ရပါမည်။
  • ၆) သွားရောက် လည်ပတ်မည့်သူသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက။
    • မိမိ လုပ်ကိုင်နေသော ထောက်ခံစာရေးပေးသည့် ကုမ္ပဏီ ၏ လိုင်စင်မူရင်းပြပေးရပါမည်။
    • မိမိ လုပ်ကိုင်နေသော ထောက်ခံစာရေးပေးသည့် ကုမ္ပဏီ ၏ letter head ဖြင့် ထောက်ခံစာ ရေးပေးရပါမည်။
    • Form 6/26 မူရင်း နှင့် Form 6/26 အတွင်းပါရှိသော Director တစ်ဦး၏ လက်မှတ် ရေးထိုးထားသော အလုပ်ကိုင်ထောက်ခံစာ ကို ပြပေးရပါမည်။
    • ထောက်ခံစာထဲတွင် ပါဝင်ရမည့် အချက်အလက်များမှာ ။ ။
      • သွားရောက်လည်ပတ်မည့်သူ၏ နံမည်
      • သွားရောက်လည်ပတ်မည့်သူ၏Passport နံပါတ်
      • သွားရောက်လည်ပတ်မည့်သူ၏ အလုပ်အကိုင် ရာထူး
      • သွားရောက်လည်ပတ်မည့်သူ၏ အလုပ်စတင် ၀င်သည့်နေ့
      • သွားရောက်လည်ပတ်မည့်သူ၏ အလုပ်အကိုင် လစာ
      • Malaysia ခရီးစဉ် ဘယ်နေ့  မှဘယ်နေ့  အထိ သွားရောက် လည်ပတ် ခွင့်ပေးပါရန်
      • Request Letter အောက်ဆုံးတွင် သွားရောက်လည်ပတ်မည့် သူကို ထောက်ခံပေးသည့် သူ၏ ရာထူးပါဝင်သည့် ကုမ္ပဏီ တံဆိပ်တုံး ထုပေးပြီး လက်မှတ် ထိုးပေး ရပါမည်။
  • ၇) ကျောင်းသား၊ကျောင်းသူဖြစ်ပါက ကျောင်းသားကဒ် (သို့) ကျောင်းထောက်ခံစာ ပြပေးရပါမည်။

**** အထက်ဖေါ်ပါအချက်အလက်များသည် မလေးရှား သံရုံး မှ တောင်းခံထားသော လိုအပ်ချက်များဖြစ်ပြီး တစ်ခါတစ်ရံ သံရုံးမှ လိုအပ်သော အချက်အလက်များ ရှိပါက ထပ်မံ တောင်းယူနိုင်ပါသောကြောင့် စာရွက်စာတမ်းများ ထပ်မံ တင်ပြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။****
^