၆ရက်/၅ည ဂျပန် ခရီးစဉ်

( ၂၀ - ၂၅ အောက်တိုဘာလ ၂၀၁၈ ခရီးစဉ် )

Price - 2,046 USD


DATE Flight No. SECTOR DEPT ARRV
20 OCT 2018 NH.814 RGN - NRT 21:45 06:50
25 OCT 2018 NH.813 NRT - RGN 11:25 16:05

DAY 1: Yangon -Tokyo

ဧည့်သည်တော်များသည် ရန်ကုန်လေဆိပ်မှ ANA Airlines လေယာဉ် NH.814 ဖြင့် ည ၂၁း၄၅ နာရီအချိန် တွင် မြန်မာနိုင်ငံ မှ ထွက်ခွာကြပါမည်။ လေယာဉ်ပေါ်တွင် တစ်ညတာကို အိပ်စက်အနားယူပါမည်။

DAY 2: TOKYO - MT.FUJI

မနက်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ်သို့ နံနက် ၀၆း၅၀ နာရီအချိန်တွင် ရောက်ရှိပါမည်။ လေဆိပ် သို့ ဒေသခံ ဧည့်လမ်းညွှန် မှ လာရောက်ကြိုဆိုကာ ကာမာကူရမြို့လေး သို့ သွားရောက်ပြီး ဂျပန် နိုင်ငံရှိ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည့် ထိုင်တော်မူ ကြေးသွန်းရုပ်ပွားတော် ကာမာကူရ ( Kamakura Buddha ) ဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြ ပါမည်။ ထို့နောက် နေ့လည်စာ ကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဖူဂျီယာမမီးတောင် Mt.Fuji သို့ သွားရောက် လည်ပတ်ပါမည်။ ဖူဂျီယာမ တောင်တက်ရာတွင် စခန်း ၁၀ ခုရှိပြီး ရာသီဥတု အပေါ်မူတည်ပြီး ကားဖြင့် စခန်းအမှတ် ( ၅ ) အထိသွားရောက်ပြီး ပတ်ဝန်းကျင်အလှ ကို ကြည့်ရှု့ ခံစားကြပါမည်။ ထို့နောက် Yamanashi သို့ ပြန်လည်ထွက်ခွာပြီး Wakamiro Hotel (3 Star) or Similar Hotel (3 Star ) သို့ သွားရောက်ပြီး Check in ၀င်၍ ခတ္တခဏ အနားယူပြီးနောက် ညစာကို ဟိုတယ် တွင်သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 3: : Mt-Fuji Sightseeing

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သာယာလှပသော Hakone မြို့လေးသို့ ထွက်ခွာကာ Owakudani တောင်သို့ တက်ရောက်၍ ကျန်းမာရေး နှင့် ညီညွှတ်ပြီး အသက် ၇ နှစ်ခန့် ပြန်လည် နုပျိုစေသည့် ဟု အယူရှိသည့် Kurotamago ဟုခေါ်သော ကြက်ဥ အမဲရောင်လေးများ ကို သုံးဆောင်ကြပါမည်။ ထို့နောက် တောင်ခြေသို့ Rope Way ဖြင့် ဆင်းသက်ကာ သာယာလှပသော Ashi lake သို့ သွားရောက် လည်ပတ်ပြီး သဘာဝ ရှုခင်းများကို Cruise စီး၍ ကြည့်ရှု ခံစားကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် လတ်ဆက်သည့် သစ်သီးဝလံများကို စိုက်ပျိုးထားသည့် ကိုယ်တိုင်ခူးယူ စားသုံးနိုင်မည့် သစ်သီးခြံ သို့ သွားရောက်ပြီး လေ့လာကြပါမည်။ ထို့နောက် တိုကျိုမြို့ သို့ ဆက်လက် ထွက်ခွာကြပါမည်။ ညစာ ကို တိုကျိုမြို့ ရှိ Local Restaurant တွင် သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် Rose Garden Shinjuku Hotel (3 Star) or Similar Hotel (3 Star) သို့ သွားရောက်ပြီး Check in ၀င်၍ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

DAY 4: Tokyo Sightseeing

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂျပန် နိုင်ငံ၏ တိုကျိုမြို့ တွင် သက်တမ်း အကြာဆုံး ဘုရားကျောင်း ဖြစ်သော Asakusa Temple သို့သွားရောက် လည်ပတ်ပါမည်။ Asakusa ဘုရားကျောင်း တွင် ဂျပန်လူမျိုးများ ၏ ယဉ်ကျေးမှူ့ ဓလေ့ထုံးစံ နှင့် ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် ဘုရားကျောင်း ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်များ ၊ အမှတ်တရ လက်ဆောင် ပစ္စည်း ဆိုင်များဖြင့် စည်ကားလှသော Nakamise Street သို့ သွား ရောက်ပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ မိမိစိတ်ကြိုက် ၀ယ်ယူနိုင်ပါသည်။ ထို့နောက် တိုကျိုမြို့ တွင် အသစ်ဖွင့်လှစ် ထားသော မိုးမျှော်သစ်ပင်ဟု တင်စားခေါ်ဝေါ်သည့် ဂျပန်မှာ သာမက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်သံလွှင့် တာဝါတိုင်ဖြစ်သော Tokyo Sky Tree သို့တက်ကာ မြို့အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နေ့လည်စာကို တိုကျိုမြို့ရှိ Local Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် နာမည်ကျော် Branded များ ရောင်းချသည့် Ginza ရှိ Akihabara သို့ သွားရောက်ပြီး မိမိစိတ်ကြိုက် ဈေးဝယ်နိုင်ရန် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ထို့နောက် ညစာကို တိုကျိုမြို့ရှိ Local Restaurant တွင် သုံးဆောင် ပြီးနောက် ဟိုတယ် သို့ ပြန်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

DAY 5: Tokyo Sightseeing

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂျပန် တော်ဝင် ဘုရင်မင်းမြတ်တို့ နေထိုင်ရာ Imperial Palace နန်းတော်၏ အပြင်ဘက်သို့ သွားရောက်၍ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ထို့နောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်နှင့် ပျော်ရွှင်စရာများ အပြည့်ရှိသော နာမည်ကျော် Disney Land သို့ သွားရောက် ဆော့ကစားကြပါမည်။ နေ့လည်စာ ကို Disney Land အတွင်း မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြကာ ကစားကွင်းအတွင်း စိတ်ကြိုက် ဆော့ကစားကြ၍ ရှိုးပွဲများစွာနှင့် Disney ကာတွန်း ဇာတ်ကောင်လေးများ နှင့် အမှတ်တရ ဓါတ်ပုံများကို ပျော်ရွှင်စွာ ရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် Disney Land မှ ပြန်လာကာ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Garden Hotel Narita သို့ သွားရောက်ပြီး Check in ၀င်၍ တစ်နေ့တာကို အေးချမ်းစွာ အိပ်စက် အနားယူ ကြပါမည်။

DAY 6: Tokyo - Yangon

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out လုပ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာရန်အတွက် Check in ၀င်ရန် တိုကျိုမြို့ရှိ နာရီတာလေဆိပ် သို့ သွားရောက်ပြီး နေ့လည် ၁၁း၂၅ နာရီအချိန် တွင် ANA Airlines လေယာဉ် NH.813 ဖြင့် တိုကျိုမြို့မှ ပြန်လည် ထွက်ခွာကာ လေယာဉ်ပေါ်တွင် နေ့လည်စာ သုံးဆောင်ကြပါမည်။ မြန်မာစံတော်ချိန် နေ့လည် ၁၆း၀၅ နာရီအချိန် တွင် ဂျပန်ခရီးစဉ် သို့ လိုက်ပါလာသော ဧည့်သည်တော်များ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စိတ်ချမ်းမြေ့စွာ ပြန်လည် ရောက်ရှိကြပါမည်။

****************** End of Tour ******************

၅ညအိပ် / ၆ရက် ဂျပန် ခရီးစဉ်ဈေးနှုန်း

၂၀ ~ ၂၅ အောက်တိုဘာလ ၂၀၁၈ ခရီးစဉ်

1.လူကြီးတစ်ဦးဈေးနူန်း USD 2,046 (နှစ်ယောက်တစ်ခန်းနေလျှင်)
2.၆ နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 1,546 (ကုတင်မယူဘဲ မိဘနှင့် အတူ အိပ်လျှင်)
3.တစ်ယောက်ခန်းနှင့်နေလျှင် USD 2,235

မှတ်ချက်

  • ၁) ဖေါ်ပြပါခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ မရှိပါ။
  • ၂) ခရီးစဉ်သွားဖြစ်ရန်သေချာပါက ဖေါ်ပြပါခရီးစဉ်ဈေးနှုန်း၏ 50% ကို ကြိုတင်ငွေ Deposit အဖြစ် ပေးသွင်းရပါမည်။ ကျန်ငွေ 50% ကို ခရီးမထွက်ခင် ၁၀ရက် အလို / ဗီဇာရပြီးချိန်တွင် ပေးချေရပါမည်။
  • ၃) ဗီဇာရပြီးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ် မလိုက်ဖြစ်ပါက ဧည့်သည်တော်များသည် ခရီးစဉ်တစ်ခုလုံး၏ ကျသင့်ငွေ 100% Cancellation Charge ထိမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) ဖေါ်ပြပါ 3 Star အဆင့်ရှိ ဟိုတယ်များတွင် ၄ ညအိပ်တည်းခိုနိုင်မူ (4 Night Accommodations)
  • ၂) ဂျပန်နိုင်ငံသို့ အသွားအပြန်လေယာဉ်လက်မှတ် All Nippon Airlines (NH) အသွားအပြန်လေယာဉ်လက်မှတ်
  • ၃) ဂျပန်ဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မူများ
  • ၄) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transporation)
  • ၅) အထက်ပါ ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
  • ၆) ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ နှင့် ညနေစာများ
  • ၇) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
  • ၈) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • ၉) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၀) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၁) ခရီးစဉ်တစ်လျှောက် ခရီးသွားအာမခံကြေး

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများနှင့် ၀င်ကြေးများ
  • ၃)ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • ၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • ၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

ဂျပန်ဗီဇာလျှောက်ရန်လိုအပ်ချက်များ

  • ၁) နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ်မူရင်း ( အနည်းဆုံး သက်တမ်း ၆ လ နှင့် ဗီဇာစာမျက်နှာ အနည်းဆုံး အလွှတ် ၂ ရွက် ကျန်ရှိနေရပါမည်။)
  • ၂) နှစ်လက်မ ပတ်လည် ဓါတ်ပုံ ၁ ပုံ (နောက်ခံအဖြူ နှင့် ၆ လ အတွင်း ရိုက်ကူးထားကာ ကြည်လင်ပြတ်သားသည့် ဓါတ်ပုံ ဖြစ်ရမည်။ scan ဖတ်ထားပြီး Print ထုတ်ထားသောပုံများ (လုံးဝ) လုံးဝ လက်မခံပါ။)
  • ၃) မှတ်ပုံတင်မူရင်း နှင့် သန်းခေါင်စာရင်းမူရင်း
    • မိမိ၏ ပတ်စ်ပို့စာအုပ်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းတွင်ပါရှိသော နာမည်နှင့် မွေးသက္ကရာဇ်များ လုံးဝတူညီရပါမည်။
    • သန်းခေါင်စာရင်းထဲတွင် မှတ်ပုံတင်နှင့် မွေးသက္ကရာဇ်တို့ ပါရှိရပါမည်။
    • အသက် ၁၀နှစ်ပြည့်ပြီး ကလေးများ ၁၀ နှစ်ပြည့်မှတ်ပုံတင်ရှိရပါမည်။ ၁၈နှစ်ပြည့်ပြီးပါက ၁၈နှစ်ပြည့် မှတ်ပုံတင်ရှိရမည်။
    • အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် မရှိသေးပါက မွေးစာရင်းမူရင်း နှင့် ကျောင်းသားကဒ် ပြပေးရ
    • ခရီးသွားမည့်သူတို့သည် အိမ်ထောင်ဖက်စုံတွဲဖြစ်သော်လည်း သန်းခေါင်းစာရင်းတွင် မပါဝင်သေးပါက လ.၀.က တွင် ထည့်သွင်းထားရပါမည်။ အကယ်၍ မထည့်ရသေးပါက မိမိတို့၏ လက်ထက် စာချုပ်မူရင်းဖြင့် ပြပေးရပါမည်။
  • ၄) မိမိဘဏ်စာအုပ် မူရင်းနှင့် Balance Certificate မူရင်း
    • ဘဏ်စာအုပ်ထဲတွင် အနည်းဆုံး ပိုက်ဆံ သိန်း ၁၆၀နှင့် အထက်ရှိရပါမည်။ ငွေ အသွင်းအထုတ်ရှိပါက ပို၍ အဆင်ပြေပါသည်။
    • Current Account ပြပေးပါက ရှေ့ပြီးခဲ့သော ၆ လ အတွက် Bank Statement ပြပေးရမည်။
  • ၅) ခရီးသွားမည့်သူတွင် ကိုယ်ပိုင် ကုမ္ပဏီပြပေးနိုင်ပါက သူ၏ သက်တမ်းကျန်ရှိနေသေးသော (အနည်းဆုံး ၆ လ) ကုမ္ပဏီလိုင်စင်မူရင်း +Director List + Form 6/26 မူရင်း (ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်ဖြစ်ပါက ထ.သ.က လိုင်စင် မူရင်းပြပေးရပါမည်။) (သို့) စည်ပင်လုပ်ငန်း လိုင်စင်မူရင်း
  • ၆) ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကုမ္ပဏီလိုင်စင်မူရင်း၊ Form 6/26 မူရင်း နှင့် Form 6/26 အတွင်းပါရှိသော Director တစ်ဦး၏ လက်မှတ်ရေးထိုးထားသော အလုပ်ကိုင်ထောက်ခံစာ( မိမိ၏ရာထူး/ အလုပ်ဝင်သည့်နေ့/ မိမိလစာ)
  • ၇) ကျောင်းသား၊ကျောင်းသူဖြစ်ပါက ကျောင်းသားကဒ် (သို့) ကျောင်းထောက်ခံစာ ပြပေးရပါမည်။
**** အထက်ဖေါ်ပါအချက်အလက်များသည် ဂျပန်သံရုံးမှ တောင်းခံထားသော လိုအပ်ချက်များဖြစ်ပြီး တစ်ခါတစ်ရံ သံရုံးမှ လိုအပ်သောအချက်အလက်များရှိပါကထပ်မံတောင်းယူနိုင်ပါသောကြောင့် စာရွက်စာတမ်းများ ထပ်မံတင်ပြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။****
^