၁၃ ည / ၁၄ ရက် ဥရောပ ( ၆ ) နိုင်ငံ ခရီးစဉ်

အီတလီ - ဆွစ်ဇာလန် - ဂျာမနီ - နယ်သာလန် - ဘယ်လ်ဂျီယံ - ပြင်သစ်

၁၃ ~၂၆ ဧပြီရယ်လ ၂၀၁၉ နှစ်သစ်ကူး အတာင်္ကြန်ခရီးစဉ်

Price - 3490 USD


Flight Schedule (Qatar Airways)
DATE Flight No. SECTOR DEPT ARRV
13 April 2019 QR.919 YANGON – DOHA 08:30 11:30
13 April 2019 QR.113 DOHA - ROME 15:55 21:15
28.October.2018 QR.042 CHARLCS DC GAULLE - DOHA 08:45 17:10
25 April 2019 QR.042 PARIS – DOHA 08:45 17:10
26 April 2019 QR.918 DOHA – YANGON 20:20 06:00

Day 1:13 April 2019, YANGON – DOHA-ROME

ဧည့်သည်တော်များသည် နံနက် ၀၆း၀၀ နာရီအချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Columbus Travels & Tours မှ Tour Leader ဖြစ်သူ နှင့် တွေ့ဆုံကာ Qatar Airlines ကောင်တာ သို့ Check in ၀င်ပါမည်။ ထို့နောက် နံနက် ၀၈း၃၀ နာရီအချိန်တွင် Qatar လေယာဉ် QR.919 ဖြင့် ရန်ကုန်မြို့ မှ Doha မြို့သို့ ထွက်ခွာကြကာ နေ့လည်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ကြပါမည်။ နေ့လည် ၁၁:၃၀ နာရီအချိန်တွင် Doha လေဆိပ်သို့ ရောက်ရှိကာ လေဆိပ်ထဲတွင် Transit ဖြတ်သန်း ပြီးနောက် ညနေ ၀၃း၅၅ နာရီအချိန်တွင် Qatar Airlines လေယာဉ် QR.113 ဖြင့် အီတလီနိုင်ငံ Rome သို့ ဆက်လက် ထွက်ခွာကြပါမည်။ ည ၀၉:၁၅ နာရီအချိန် တွင် ရောမမြို့၏ FIUMICINO လေဆိပ်သို့ ရောက်ရှိကာ 4 Star အဆင့်ရှိသော Novotel Roma East 4 Star Hotel (or) Similar 4 Star Hotel သို့ သွားရောက် Check in ၀င်ပြီး အိပ်စက် အနားယူကြပါမည်။

Day 2: 14 April 2019, ROME-VATICAN-SIENA

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ရောမခေတ် AD 70 ခုနစ်တွင် တည်ဆောက်ခဲ့သည့် Gladiator သူရဲကောင်းများ စီးချင်းထိုးခဲ့ကြသည့် အကျော်ကြားဆုံး Colosseum သားသတ်ကွင်းကြီး သို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်သည့် ကမ္ဘာ့အသေးဆုံး နိုင်ငံဖြစ်သော Vatican မြို့တော် ရှိ St.Peter Square ရင်ပြင်တွင် ကမ္ဘာ့ အကြီးဆုံး ဘုရားကျောင်း တစ်ခုဖြစ်သည့် St.Peter Basilica ဘုရားကျောင်း ဖြင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ထို့နောက် နေ့လည်စာကို Grand Dragon Restaurant တွင် သုံးဆောင်ပြီးနောက် နောက်ကျောပေး၍ အကြွေစေ့ပစ်လျှင် ဆုတောင်း ပြည့်သော နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ ကမ္ဘာကျော် ရေပန်း Trevi Fountain နှင့် ၁၇ ရာစုက စပိန် လူမျိုးတို့ နေထိုင်ခဲ့သော အမှတ်အသား အဖြစ် တည်ဆောက်ခဲ့သည့် လှေကားထစ်များ ရှိရာ Piazza Di Spagna (Spanish Steps) သို့ City Tour အဖြစ်လမ်းလျှောက် လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် Siena မြို့သို့ ခရီးဆက်ကာ Montaperti 4 Star Siena Hotel (or) Similar 4 Star Hotel သို့Check in ၀င်ပါမည်။ ညစာကို ဟိုတယ်တွင် သုံးဆောင်၍ တစ်ညတာကို အိပ်စက်အနားယူပါမည်။

Day 3: 15 April 2019, SIENA – PISA – VENICE

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ကြကာ အီတလီ နိုင်ငံ၏ နာမည်ကျော် Pisa မြို့ သို့ ၃ နာရီကျော်ခန့် ကားဖြင့် ခရီးဆက်လက် ထွက်ခွာကြပါမည်။ Pisa မြို့ သို့ရောက်ရှိကြကာ ကားပါကင် မှတစ်ဆင့် Shattle Bus ဖြင့်စီး၍ ကမ္ဘာကျော် အထင်ဂရ နေရာတစ်ခု ဖြစ်သည့် ဥရောပခေတ် အလယ်ပိုင်း၏ အနုပညာဗိသုကာ လက်ရာများကို မြင်တွေ့နိုင်သော စောင်းနေသည့် ပုံသဏ္ဍန်ရှိသည့် တာဝါကြီးဖြစ်သော Pisa Tower နှင့် Square of Miracles ရင်ပြင် , The Baptistery , The Duomo ဘုရားကျောင်း တို့သို့ သွားရောက် လည်ပတ်ကြပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် အီတလီနိုင်ငံ ၏ မြောက်ပိုင်းရှိ ကျွန်းပေါင်း ၁၁၈ ကျွန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကမ္ဘာကျော် ရေပေါ်မြို့ဖြစ်သော ဗီးနစ်မြို့ Venice သို့ ကားဖြင့် ဆက်လက်ထွက်ခွာကြပါမည်။ ကားမောင်းကြာချိန် ၃ နာရီခန့် ကြာပြီးနောက် ညစာကို La Pagoda Restaurant တွင် တရုတ်အစားအစာဖြင့် သုံးဆောင်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိ Novotel Venice Mestre 4 Star Hotel (or) Similar 4 Star Hotel သို့ သွားရောက် Check in ၀င်ပြီး အိပ်စက် အနားယူကြပါမည်။

Day 4: 16 April 2019, VENICE - MILAN

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Venice ကျွန်းတွင် Water Taxi ဖြင့် လည်ပတ်ရန် Tronchetto လေဆိပ်တွင် Local Assistant မှ လာရောက်ကြိုဆိုနေပါမည်။ ထို့နောက် San Marco ရင်ပြင် သို့ သွားရောက်ကာ San Marco ဘုရားကျောင်း ၊ Bell Tower ၊ Bridge of Sighs နှင့် Doges’ Palace တို့သို့ သွားရောက် ကြည့်ရှူ့ ခံစားရင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။

ဆက်လက်၍ ဗီးနစ်တူးမြောင်းများတွင် Gondola လှေငယ်ဖြင့် ဗီးနစ်ကျွန်း၏ အလှကို ခံစားပြီး မိနစ် ၃၀ ခန့် လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာ ကို ကမ္ဘာကျော် အီတလီ အစားအစာဖြစ်သည့် Seafood Spaghetti ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Milan မြို့သို့ ခရီးဆက်ကြကာ ကားမောင်းကြာချိန် ၄ နာရီခန့် ကြာမြင့်ပါမည်။ မီလန်မြို့သို့ ရောက်လျှင် နာမည်ကျော် Milan Duomo ဘုရားကျောင်းတွင် အမှတ်တရ ဓာတ်ပုံများရိုက်ပြီး ညနေစာကို Fang Jong Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် 4 Star အဆင့်ရှိ Crown Plaza Malpensa 4 Star Hotel (or) Similar 4 Star Hotel သို့ Check in ၀င်ကာ တစ်ညတာကို အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 5: 17 April 2019, MILAN - MT. TITLIS – LUCERNE - ZURICH

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ကာ ကားမောင်းကြာချိန် (၃) နာရီခန့်ကြာမြင့်သော ဆွစ်ဇလန် နိုင်ငံ Engelberg သို့ ကားဖြင့် ခရီးဆက်ကြပါမည်။ နေ့လည်စာ ကို Moonrice Restaurant သို့ သွားရောက် သုံးဆောင်ပြီးနောက် Alps တောင်တန်း၏ တစိတ်တဒေသဖြစ်သည့် မြင့်မားလှသော ဥရောပ ရေခဲတောင်ဖြစ်သည့် အမြင့်ပေ 10,000 ကျော်ရှိသည့် နာမည်ကျော် Mt.Titlis နှင်းတောင်ထိပ် (3,238 m) သို့ ကမ္ဘာ့ပထမဆုံး Revolving Cable Car ဖြင့် တက်ရောက် လည်ပတ်ကြပါမည်။ နှင်းတောင်ထိပ်ရှိ Glacier Cave နှင့် Cliff Walk ကြိုးတံတား တို့သို့ သွားရောက် လည်ပတ်ပြီး နှင်းတောင်ထိပ်တွင် အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ထို့နောက် Lucerne မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာကြကာ ပြင်သစ်တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားသော ဆွစ်စစ်သားများအတွက် အမှတ်တရ တည်ဆောက်ထားသည့် နာမည်ကျော် Lion Monument နှင့် ဥရောပ ၏ ရှေးအကျဆုံး သစ်သားတံတား ဖြစ်သည့် Chapel Bridge တို့သို့ သွားရောက် လည်ပတ်ကြပါမည်။ အချိန်ရပါက Lucerne Old Town တွင် နာမည်ကျော် Branded ဆွစ်နာရီများ ကြည့်ရှု့၍ ဈေးဝယ်ကြပြီး ညစာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ဆက်လက်၍ Zurich မြို့သို့ ဆက်လက် ထွက်ခွာကြကာ 4 Star အဆင့်ရှိ Holiday Inn 4 Star Hotel Messe (or) Similar 4 Star Hotel သို့ သွားရောက် Check in ၀င်ပြီး အိပ်စက် အနားယူကြပါမည်။

Day 6: 18 April 2019, ZURICH – RHEINFALL – TITISEE – HEIDELBERG

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ကာ ဂျာမနီနှင့် ဆွစ်ဇာလန်နယ်စပ်ရှိ Schaffhausen မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာကြပါမည်။ သွားရာလမ်းတွင် ဥရောပတိုက်၏ အကြီးဆုံးရေတံခွန်ဖြစ်သော Rheinfall ရေတံခွန် ကြီးဆီသို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ဂျာမနီနိုင်ငံ Titisee မြို့သို့ ကားဖြင့်ထွက်ခွာကြကာ သာယာလှပသည့် Lake Titisee အနီးရှိ Titisee မြို့၏ နာမည်ကျော် အမှတ်သင်္ကေတဖြစ်သည့် Cuckoo Clock ဈေးဆိုင်များတွင် ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ နေ့လည်စာ ကို Zur Muehle Restaurant တွင် နာမည်ကျော် German Pork Knuckle ဖြင့် သုံးဆောင်ပြီးနောက် ဂျာမနီနိုင်ငံ Heidelberg မြို့သို့ ကားဖြင့်ထွက်ခွာကြပါမည်။ ကားမောင်းကြာချိန် နှစ်နာရီခွဲခန့်ကြာပြီးနောက် Heidelberg မြို့သို့ ရောက်ရှိကာ ညစာကို Phuket Thai Restaurant တွင် သုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိသော NH Hirsehberg Hotel (or) Similar 4 Star Hotel သို့ Check in ၀င်ပြီး အိပ်စက်အနားယူကြပါမည်။

Day 7: 19 April 2019, HEIDELBERG – FRANKFURT – COLOGNE – DUSSELDORF

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ကာ Frankfurt မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာ ကြပါမည်။ ကားမောင်းကြာချိန် တစ်နာရီခန့်ကြာပြီးနောက် Frankfurt မြို့သို့ ရောက်ရှိကာ နာမည်ကျော် Romerberg Square နှင့် City Hall သို့ သွားရောက်လည်ပတ်ပြီးနောက် နေ့လည်စာကို Peking Restaurant တွင် Chinese Menu ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကမ္ဘာကျော် ရေမွှေး အော်ဒီကလုံး စတင်သည့် ဂျာမနီနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော Cologne မြို့သို့ ခရီးဆက်ကြကာ ကားမောင်းချိန် နှစ်နာရီခွဲခန့် ကြာမြင့်ပါမည်။ Cologne မြို့ သို့ ရောက်လျှင် Cologne Cathedral သို့ ၀င်ရောက်လည်ပတ်ပြီး နာမည်ကျော် ဈေးလမ်းမများဖြစ်သော Schildergasse နှင့် Hohenstrasse များတွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် ဖက်ရှင်နှင့် ကုန်စည်ပြပွဲများကြောင့် နာမည် ကျော်ကြားသည့် Dusseldorf မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ညစာကို Local Restaurant တွင် တရုတ်အစားအစာဖြင့် သုံးဆောင် ကြပါမည်။ ညစာ သုံးဆောင် ပြီးနောက် 4 Star အဆင့်ရှိသော Renaissanee Dusseldorf Hotel (or) Similar 4 Star Hotel သို့ Check in ၀င်ပြီး အိပ်စက် အနားယူကြပါမည်။

Day 8: 20 April 2019, DUSSELDORF – LISSE – AMSTERDAM

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ကြပါမည်။ ထို့နောက် နှစ်စဉ် ဧပြီလ တစ်လသာ ပြုလုပ် ကျင်းပသည့် ကျူးလစ်ပန်းပွဲတော် ရှိသည့် နယ်သာလန်နိုင်ငံ Lisse မြို့ရှိ Keukenhof Tulip Garden သို့ သာယာလှပသည့် ကျူးလစ်ပန်းခင်းကြီးများကို ကြည့်ရှူ့ ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးရန် အတွက် ထွက်ခွာကြပါမည်။ ထို့နောက် The Venice of North ဟု တင်စားခေါ်ဝေါ်ကြသည့် Amesterdam မြို့ သို့ ဆက်လက်ထွက်ခွာကြပြီး Dutch လူမျိုးတို့ ၏ Royal Palace ရှိသည့် Dam Square သို့ သွားရောက် လည်ပတ်လေ့လာကြပါမည်။ ထို့နောက် မြန်မာနိုင်ငံ မှာ တားမြစ်ထားသော ဆေးခြောက် အစရှိသည်တို့ကို တရားဝင် ရရှိနိုင်သည့် နေရာဖြစ်သည့် Night Life ကိစ္စများတွင် နာမည် ကျော်ကြားသည့် Red Light District Area သို့ လမ်းလျှောက် လည်ပတ်ကြည့်ရှူ့လေ့လာကြပါမည်။ ထို့နောက် ညစာကို Asiadam Restaurant တွင် သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိ Mercure Amsterdam West Hotel (or) Similar 4 Star Hotel သို့ သွားရောက် Check in ၀င်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 9: 21 April 2019, AMSTERDAM - ZAANSE SCHANS – AMSTERDAM

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် စက်မှူ့ကဏ္ဍတွင် ၁၈ ရာစုကတည်းက ဒက်ခ်ျလူမျိုးတို့၏ အလွန်အရေးပါခဲ့သည့် Zaanse Schans ရွာလေးလို့ သွားရောက်ပြီး Cheese Factory နှင့် Clog Factory တို့တွင် ဟော်လန် ဒိန်ခဲ ပြုလုပ်ပုံ နှင့် ဒက်ခ်ျရိုးရာ သစ်သား ဖိနပ် ပြုလုပ်ပုံတို့ကို သွားရောက် ကြည့်ရှူ့လေ့လာကြပါမည်။ ထို့နောက် နယ်သာလန် ၏ သင်္ကေတတစ်ခုဟု ပြောလို့ ရသည့် ချစ်စရာကောင်းသည့် လေဒလတ် အိမ်လေးများဖြင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ထို့နောက်နေ့လည်စာ ကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကမ္ဘာကျော် စိန်ဆိုင် တစ်ဆိုင်ဖြစ်သော Coaster Diamond Factory သို့ သွားရောက်ပြီး စိန်ထည် ပစ္စည်းများ ကို ကြည့်ရှူ့ လေ့လာ ၀ယ်ယူကြပါမည်။ ထို့နောက် Amsterdam တူးမြောင်းများအကြား ၁ နာရီခန့် Canal Cruise စီးပြီးနောက် ညစာကို Local Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် သို့ပြန်ပြီး အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 10: 22 April 2019, AMSTERDAM - BRUSSELS

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ပြီး Beligum နိုင်ငံ ၏ မြို့တော်ဖြစ်သည့် Brussels သို့ ကားဖြင့် ထွက်ခွာကြပါမည်။ Brussels သို့ ရောက်လျှင် နေ့လည်စာကို Le Magic Rubens Restaurant သို့ သွားရောက် သုံးဆောင် ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Iron Crystal ၏ ဆဲလ် တစ်ခု ပုံစံ တည်ဆောက်ထားသည့် Atomium သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ လှပခမ်းနားသည့် Gothic Style ရှေးဟောင်း အဆောက်အဦးများ နှင့် ဘယ်ဂျီယံနိုင်ငံ ၏ အထင်ကရ ဖြစ်သည့် Mannekin Pis ကလေးရုပ်ထု တို့ရှိသည့် Brussel မြို့လယ်ရှိ လူစည်ကားသည့် Grand Place သို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် Royal Palace နန်းတော် နှင့် Palace of Justicc တရားရုံးချုပ် သို့ သွားရောက် လည်ပတ် လေ့လာကြပါမည်။ ထို့နောက် ညစာကို Shanghai Restaurant တွင် သုံးဆောင်ကြပါမည်။ ညစာ သုံးဆောင်ပြီးနောက် 4 Star အဆင့်ရှိ Ramada Brussels Woluwe Hotel (or) Similar 4 Star Hotel သို့ သွားရောက် Check in ပြုလုပ်ပြီး အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 11: 23 April 2019, BRUSSELS - PARIS

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ် မှ Check out ပြုလုပ်ပြီး အချစ်မြို့တော် ဟုတင်စား ခေါ်ဝေါ်ကြသည့် Paris မြို့ သို့ ကားဖြင့် ဆက်လက် ထွက်ခွာကြပါမည်။ Paris သို့ ရောက်လျှင် နေ့လည်စာ ကို Hong Kong Restaurant သို့ သွားရောက် သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် စစ်သူကြီး နပိုလီယံ ၏ စစ်ပွဲအောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် တည်ဆောက် ထားခဲ့သည့် နာမည်ကျော် Arc De Triomphe မုဒ်ဦး နှင့် နာမည်ကျော် Champs Elysccs Road တို့သို့ သွားရောက် ကြည့်ရှူ့ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။

ထို့နောက် ကမ္ဘာကျော် Monalisa ပန်းချီကား ၊ Venus de Milo ရုပ်ထု နှင့် ရှားပါးသည့် ဗိသုကာ လက်ရာများကို ပြသထားသော Louvre Museum သို့ Local Guide ဖြင့် သွားရောက်ပြီး ကြည့်ရှူ့ လေ့လာကြပါမည်။ ညနေစာကို Auberge du Louvre Restaurant တွင် သုံးဆောင်ကြပါမည်။ ညနေစာ သုံးဆောင်ပြီး နောက် ကြယ် ၄ ပွင့် အဆင့်ရှိ Mercure Paris Velizy 4 Star Hotel (or) Similar 4 Star Hotel သို့ သွားရောက် Check in ၀င်ပြီး အိပ်စက် အနားယူကြပါမည်။

Day 13: 25 April 2019, PARIS – DOHA

ဟိုတယ် မှ Check out ထွက်ပြီး ဟိုတယ် မှ Breakfast Box ဖြင့် နံနက်စာ သုံးဆောင်ကြပါမည်။ ထို့နောက် Paris မြို့ ၏ Charles de Gaulle Airport ရှိ Qatar Airways ကောင်တာသို့ Check in ၀င်ကြပါမည်။ ပါရီမြို့ မှ နံနက် ၈:၅၅ နာရီအချိန်တွင် Qatar Airways လယာဉ် အမှတ် QR.042 ဖြင့် ထွက်ခွာပြီး Doha လေဆိပ် သို့ ညနေ ၄း၂၅ နာရီအချိန် တွင် ရောက်ရှိပါမည်။ Qatar လေဆိပ်ရှိ Duty Free ဆိုင်များတွင် ပျော်ရွှင်စွာ ဈေးဝယ်ကြကာ Transit ဖြတ်သန်းကြပါမည်။ ထို့နောက် လေယာဉ် အမှတ် QR.918 ဖြင့် ည ၇:၅၅ နာရီအချိန် တွင် ရန်ကုန်မြို့ သို့ ဆက်လက် ထွက်ခွာကြပြီး ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ကြပါမည်။

Day 14: 26 April 2019, DOHA - YANGON

လေယာဉ်ပေါ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Columbus Travels ၏ ၁၃ ညအိပ်/၁၄ ရက် ဥရောပ ၆ နိုင်ငံ ခရီးစဉ် သို့ လိုက်ပါလာသော ဧည့်သည်တော်များသည် နံနက် ၆:၀၀ နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပြန်လည် ရောက်ရှိကြပါမည်။

********************** End of Tour ********************

၁၃ ည / ၁၄ ရက်

အီတလီ - ဆွစ်ဇာလန် - ဂျာမနီ - နယ်သာလန် - ဘယ်လ်ဂျီယံ - ပြင်သစ်

၁၃ ~၂၆ ဧပြီရယ်လ ၂၀၁၉ နှစ်သစ်ကူး အတာင်္ကြန်ခရီးစဉ် ဈေးနှုန်း

1. လူကြီးတစ်ဦးဈေးနူန်း USD 3490 (နှစ်ယောက်တစ်ခန်းနေလျှင်)
2. ကလေးတစ်ဦးလျှင် USD 3090 ( ကုတင်အပိုနှင့်နေလျှင်)
3. တစ်ယောက်ခန်းနေလျှင် USD 4280 (Single နေလျှင် ပိုပေးရသော ဈေးနူန်း)

- ကလေးဈေးနှုန်းမှာ ဟိုတယ်တစ်ခန်းတွင် မိဘ/အုပ်ထိန်းသူ ၂ ယောက် နှင့်အတူ ကုတင်အပိုဖြင့် နေထိုင်ရသော ဈေးနှုန်းဖြစ်ပြီး ကုတင် အပိုမပါဘဲ နေလို့ မရပါ။

- ဟိုတယ် တစ်ခန်းတွင် လူကြီး ၂ ယောက် ၊ ကလေး ၁ ယောက် အများဆုံး နေထိုင်ခွင့် ရှိပ

- ဖော်ပြပါ ခရီးစဉ်ဈေးနှုန်းတွင် ဥရောပ ဗီဇာကြေး USD 80 Per Pax မပါဝင်ပါ ။

- အီတလီ သံရုံး သို့ ဗီဇာလျှောက်သောနေ့တွင် သံရုံး၏ Visa Section သို့ ဧည့်သည် ကိုယ်တိုင် ပေးသွင်းရမည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

မှတ်ချက်

  • ၁) ဖေါ်ပြပါခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ မရှိပါ။
  • ၂) ခရီးစဉ်သွားဖြစ်ရန်သေချာပါက ဖေါ်ပြပါခရီးစဉ်ဈေးနှုန်း၏ 50% ကို ကြိုတင်ငွေ Deposit အဖြစ်ပေးသွင်းရပါမည်။ ကျန်ငွေ 50% ကို ခရီးမထွက်ခင် ၁၀ရက်/၇ ရက် အလိုတွင် ပေးချေရပါမည်။
  • ၃) Final Payment ပေးခြေပြီးနောက် ခရီးမသွားခင် ၁-၃ ရက် အလိုတွင် အကြောင်းအမျိုးမျိုးကြောင့်မလိုက်ဖြစ်ပါက Cancellation Charges အဖြစ် 100% ကောက်ခံပါမည်။
  • ၄) အသက် ၁၁ နှစ်အောက် ကလေးသည် အခန်းတစ်ခန်းထဲတွင် လူကြီးတစ်ဦးထဲနှင့် အတူနေပါက ကလေး ဈေးနူန်းသည် လူကြီးဈေးနူန်းအတိုင်း ပေးရပါမည်။
  • ၅) ခရီးစဉ်အတွက် ငွေပေးချေရာတွင် လေကြောင်းလိုင်းများ ၊ သံရုံးများ နှင့် Money Exchange များ မှ လက်ခံသည့် US Dollar သတ်မှတ်ချက် များကြောင့် မှင်စွန်းရာ ၊ ဘောပင်ရာများ ၊ မျက်နှာအလယ်တွင် ကျိုးကျေရာမပါသော ၁၉၉၆ ခုနှစ်ထုတ် AB & CB Series မဟုတ်သည့် US Dollar 100 တန် 50 တန်များ ကိုသာ လက်ခံမည်ဖြစ်ပြီး USD အသန့်များကိုသာ ပေးချေပေးပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) 4 Star Hotel အဆင့်ရှိ ဟိုတယ်များတွင် ၁၃ ညအိပ်တည်းခိုနိုင်မူ
  • ၂) Qatar Airline Flight အသွားအပြန် လေယာဉ်လက်မှတ်
  • ၃) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ
  • ၄) ခရီးစဉ် တလျှောက် အသုံးပြုသည့် ကားခ ၊ ယာဉ်ရပ်နားခ ၊ သင်္ဘောခ နှင့် အမြန်ရထားခများ
  • ၅) ဥရောပနိုင်ငံများ ၏ ဟိုတယ်များတွင် ပေးဆောင်ရသည့် ဟိုတယ်ခွန်များ
  • ၆) အထက်ပါ ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
  • ၇) ခရီးစဉ်တစ်လျှောက် နံနက်စာ ၊ နေ့လည်စာ နှင့် ညနေစာများ
  • ၈) Colosseum & Louvre Museum တွင် ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • ၉) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၀) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၁) ခရီးသွား အာမခံ ၀န်ဆောင်မှ
  • ၁၁) Blue Ribbon Bag (BRB) Luggage Tracking Service.

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများနှင့် ၀င်ကြေးများ
  • ၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • ၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • ၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

ရှန်ဂန်ဗီဇာလျှောက်ရန်လိုအပ်ချက်များ

  • ၁) နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ်မူရင်း
    ( အနည်းဆုံး သက်တမ်း ၆ လ နှင့် ဗီဇာစာမျက်နှာ အနည်းဆုံး အလွှတ် ၂ ရွက် ကျန်ရှိနေရပါမည်။)
  • ၂) နှစ်လက်မ ပတ်လည် ဓါတ်ပုံ ၁
    (နောက်ခံအဖြူ နှင့် ၆ လ အတွင်း ရိုက်ကူးထားကာ ကြည်လင်ပြတ်သားသည့် ဓါတ်ပုံ ဖြစ်ရမည်။ scan ဖတ်ထားပြီး Print ထုတ်ထားသောပုံများ (လုံးဝ) လုံးဝ လက်မခံပါ။)
  • ၃) မှတ်ပုံတင်မူရင်း နှင့် သန်းခေါင်စာရင်းမူရင်း
    မိမိ၏ ပတ်စ်ပို့စာအုပ်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းတွင်ပါရှိသော နာမည်နှင့် မွေးသက္ကရာဇ်များ လုံးဝတူညီရပါမည်။
    သန်းခေါင်စာရင်းထဲတွင် မှတ်ပုံတင်နှင့် မွေးသက္ကရာဇ်တို့ ပါရှိရပါမည်။
    အသက် ၁၀နှစ်ပြည့်ပြီး ကလေးများ ၁၀ နှစ်ပြည့်မှတ်ပုံတင်ရှိရပါမည်။ ၁၈နှစ်ပြည့်ပြီးပါက ၁၈နှစ်ပြည့် မှတ်ပုံတင်ရှိရမည်။
  • ၄) အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် မရှိသေးပါက မွေးစာရင်းမူရင်း နှင့် ကျောင်းသားကဒ် ပြပေးရပါမည်။
    - ခရီးသွားမည့်သူတို့သည် အိမ်ထောင်ဖက်စုံတွဲဖြစ်သော်လည်း သန်းခေါင်းစာရင်းတွင် မပါဝင်သေးပါက - လ.၀.က တွင် ထည့်သွင်းထားရပါမည်။ အကယ်၍ မထည့်ရသေးပါက မိမိတို့၏ လက်ထက် စာချုပ်မူရင်းဖြင့် ပြပေးရပါမည်။
    - မိမိဘဏ်စာအုပ် မူရင်းနှင့် Balance Certificate မူရင်း - ဘဏ်စာအုပ်ထဲတွင် အနည်းဆုံး ပိုက်ဆံ သိန်း ၁၀၀နှင့် အထက်ရှိရပါမည်။ ငွေ အသွင်းအထုတ်ရှိပါက ပို၍ အဆင်ပြေပါသည်။
    - Current Account ပြပေးပါက ရှေ့ပြီးခဲ့သော ၆ လ အတွက် Bank Statement ပြပေးရမည်။
  • ၅) ) ) ခရီးသွားမည့်သူတွင် ကိုယ်ပိုင် ကုမ္ပဏီပြပေးနိုင်ပါက သူ၏ သက်တမ်းကျန်ရှိနေသေးသော (အနည်းဆုံး ၆ လ)
    ကုမ္ပဏီလိုင်စင်မူရင်း +Director List + Form 6/26 မူရင်း
    (ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်ဖြစ်ပါက ထ.သ.က လိုင်စင် မူရင်းပြပေးရပါမည်။) (သို့) စည်ပင်လုပ်ငန်း လိုင်စင်မူရင်း
  • ၆) ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကုမ္ပဏီလိုင်စင်မူရင်း၊ Form 6/26 မူရင်း နှင့် Form 6/26 အတွင်းပါရှိသော
    Director တစ်ဦး၏ လက်မှတ်ရေးထိုးထားသော အလုပ်ကိုင်ထောက်ခံစာ( မိမိ၏ရာထူး/ အလုပ်ဝင်သည့်နေ့/ မိမိလစာ)
  • ၇) ကျောင်းသား၊ကျောင်းသူဖြစ်ပါက ကျောင်းသားကဒ် (သို့) ကျောင်းထောက်ခံစာ ပြပေးရပါမည်။

အထက်ဖေါ်ပါအချက်အလက်များသည် သံရုံးမှ တောင်းခံထားသော လိုအပ်ချက်များဖြစ်ပြီး တစ်ခါတစ်ရံ သံရုံးမှ လိုအပ်သော အချက်အလက်များရှိပါက ထပ်မံ တောင်းယူနိုင်ပါသောကြောင့် စာရွက်စာတမ်းများ ထပ်မံတင်ပြရ မည်ဖြစ်ကြောင်း အသိ

****************** End ******************

^