၆ရက် / ၅ည ဒူဘိုင်းခရီးစဉ်

(၂၃-၂၈ အောက်တိုဘာလ သီတင်းကျွတ်ပွဲတော်၂၀၁၈ ခရီးစဉ်)

Price - 1866 USD


DATE Flight No. SECTOR DEPT ARRV
23.OCT.2018 EK.389 YANGON – DUBAI 02:40 05:40
28.OCT.2018 EK.388 DUBAI - YANGON 09:00 16:45

Day 1: ( 23.OCT.2018 ) YANGON – DUBAI

ဧည့်သည်တော်များသည် အောက်တိုဘာ ၂၂ ရက်နေ့ / ည ၁၂း၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကာ Emirate Airlines ကောင်တာသို့ Check-in ၀င်ပါမည်။ အောက်တိုဘာ၂၃ ရက်နေ့ / မနက် ၀၂း၄၀ နာရီ အချိန်တွင် Emirate Airlines လေယာဉ် EK.389 ဖြင့် စတင်ထွက်ခွာကာ ဒူဘိုင်းလေဆိပ်သို့ မနက် ၅း၄၀ နာရီ အချိန်တွင် ရောက်ရှိပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်နှင့် တွေ့ဆုံကာ မနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘာအံ့သြဖွယ် နေရာများထဲမှ တစ်ခု အပါအ၀င်ဖြစ်ပြီး အပန်းဖြေ အနားယူစရာ နေရာတစ်ခုလည်းဖြစ်သည့် မဖြစ်မနေ သွားရောက် လည်ပတ်သင့်သော လူသားတို့ ဖန်တီးပြုလုပ်ထားသည့် ထန်းပင်ပုံစံ ပြုလုပ်ထားသည့် ကျွန်းအတု Palm Jumeirah ကျွန်းအတုသို့ Monorail ဖြင့် သွားရောက် အပန်းဖြေကြပါမည်။ ထို့နောက် Atlantis နှင့် ရေနေ သတ္တ၀ါများ အကြောင်း လေ့လာနိုင်သော Lost Chamber Aquarium သို့သွားရောက် လည်ပတ်လေ့လာပါမည်။ ဆက်လက်၍ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး 75 ပေခန့်အမြင့်ရှိသော Yacht ရွက်လှေဖြင့် the Plam Island Jumeirah ၊ ခမ်းနားထည်ဝါသော Buri Al Arab Hotel နှင့် Altantis Hotel ကြားတွင် လှည့်ပတ်သွားလာပြီး မမေ့နိုင်တဲ့ ခရီးသွား မှတ်တမ်းများ ရယူကြပါမည်။ ညစာကို Local Restaurant သုံးဆောင်ကာ 4 Star အဆင့်ရှိ Majestic Tower Hotel or Similar 4 Star Hotel တွင် Check-in ၀င်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 2:(24 .OCT.2018 ) DUBAI

ဟိုတယ်တွင် မနက်စာကို သုံးဆောင်ပြီးနောက် ဒူဘိုင်း မြို့သို့ထွက်ခွာပြီး Dubai City Tour အဖြစ် တစ်နေရာထဲတွင် ရွှေဆိုင်ပေါင်း ၃၀၀ ကျော်ရှိပြီး လက်ရာသေသပ်လှပပြီး design ဆန်းသစ်သည့် ရွှေထည်ပစ္စည်းများ နှင့် ဟင်းခတ် အမွှေးအကြိုင်များ ရောင်းချသည့် Gold & Spice Souk သို့ သွားရောက် လည်ပတ် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ဒူဘိုင်းမြို့ဟောင်းရှိ သက်တမ်း အကြာဆုံး နှင့် ရှေးခေတ်နေထိုင်မှုဘ၀ကိုပြသထားသော Dubai Museum သွားရောက် လေ့လာပါမည်။ နေ့လည်စာကို Local Restaurant သုံးဆောင်ကြပါမည်။ ကလေး လူကြီးအားလုံး ဆော့ကစားနိုင်သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းမျိုးစုံရှိသည့် Dubai Parks & Resorts Theme Park တစ်ခုဖြစ်သော Motion Gate Theme Park သို့သွားရောက် လည်ပတ် ကစားကြပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက်အနား ယူကြပါမည်။

Day 3:(25.OCT.2018 ) DUBAI - ABU DHABI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Abu Dhabi မြို့သို့ သွားရောက်ကာ ကမ္ဘာ့အကြီးဆုံးအမိုးခုံးနှင့် ဆောက် လုပ်ထားသော Zayed Grand Mosque ဗလီကျောင်းသို့ ၀င်ရောက် လေ့လာကြပါမည်။ ဆက်လက်၍ ကမ္ဘာ့ အကြီးဆုံး Indoor Theme Park ကစားကွင်းကြီးတစ်ခုဖြစ်ပြီး Ferrari ပြိုင်ကား ကြီးများကို အဓိကပြသထားသော Ferrari World သို့ သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နာမည်ကျော် shopping center တစ်ခုဖြစ်သော Yes Mall သို့ သွားရောက်ပြီး ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Date Market သို့လေလာ ကြည့်ရူ့ပါမည်။ဆက်လက်၍ Emirate ၏ ရှေးဟောင်း ယဉ်ကျေးမှူ့ ရွာသဖွယ်တွေ့နိုင်သော Heritage Village Abu Dhabi နှင့် Emirates Palace Luxury 5 Star Hotel တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ပါမည်။ညနေပိုင်းတွင် ဒူဘိုင်းမြို့သို့ ပြန်လည်ထွက်ခွာပြီး ညစာကို Local Restaurant တွင်သုံး ဆောင်ကြ ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ တစ်ညတာကို အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 4:(26.OCT.2018 ) DUBAI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဧည့်သည်တော်များ စိတ်ကြိုက်ဈေးဝယ်ထွက်ရန် အကြီးဆုံးဈေးဝယ် စင်တာကြီးဖြစ်သော Emirate Shopping Center တွင် မိမိစိတ်ကြိုက် ဈေးဝယ်နိုင်ရန် ဈေးဝယ် ထွက်ချိန်ပေးပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက်စိတ်ကြိုက် အားလပ်ချိန်ပေးကာ ညနေပိုင်းတွင် Desert Safari သဲကန္တာရ ထဲတွင် Land Cruiser ကြီးများ စီးကာ Adventure Tour ကို စိတ်ကြိုက် ခံစားကြပါမည်။ ထို့နောက် သဲကန္တာရထဲတွင် ၀ိုင်းဖွဲ့၍ BBQ Dinner ဖြင့် ညစာသုံးဆောင်ကြပါမည်။ ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 5:(27.OCT.2018 ) DUBAI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Dubai Shopping Mall တွင် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ဆက်လက်၍ ဒူဘိုင်းမြို့ရှိ (၁၂၄) ထပ်၇ှိသည့် ကမ္ဘာ့အရှည်ဆုံး Tower ကြီးတစ်ခုဖြစ်သည့် Top Burj Khalifa သို့ တက်ရောက်ပြီး ဒူဘိုင်းတစ်မြို့လုံးကို အပေါ်စီး မှ ကြည့်ရှု့ခံစားကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် အားလပ်ချိန်ပေးကာ ညနေပိုင်းတွင် Burj Khalifa Tower အောက်တွင်ရှိသော Water Fountain Show သို့ ကြည့်ရူကြမည်။ ဆက်လက်၍ Dhow Cruise Creek ပေါ်တွင် ညအလှကို ခံစားရင်း ညစာသုံးဆောင်ပြီး ဟိုတယ် သို့ပြန်ကာ တစ်ညတာ အိပ်စက် အနားယူပါမည်။

Day 6:(28.OCT.2018 ) DUBAI - YANGON

ဟိုတယ်မှ Check-out လုပ်ပြီး လေဆိပ် သို့ သွားရောက်ကာ မနက် ၀၇း၀၀ နာရီတွင် လေဆိပ်တွင် Check-in ၀င်ပါမည်။ မနက် ၀၉:၀၀ နာရီအချိန်တွင် Emirate Airlines လေယာဉ် EK.388 ဖြင့် ထွက်ခွာကာ ရန်ကုန်လေဆိပ်သို့ နေ့လည် ၄း၄၅ နာရီအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပြန်လည် ရောက်ရှိပါမည်။

********************** End of Tour ********************

၅ည/၆ရက် ဒူဘိုင်း ခရီးစဉ်

၀၃-၀၈ ဇွန်လ ၂၀၁၈ ခရီးစဉ်ဈေးနူန်း

1.လူကြီးတစ်ဦးဈေးနူန်း USD 1866 (နှစ်ယောက်တစ်ခန်းနေလျှင်)
2.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 1866 (အခန်းတစ်ခန်းထဲတွင် လူကြီးတစ်ဦးနှင့်နေလျှင်)
3.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်းUSD 1710 (ကုတင်အပိုနှင့်နေလျှင်)
4.၁၁နှစ်အောက်ကလေးတစ်ဦးဈေးနူန်း USD 1590(မိဘနှင့်အတူအိပ်လျှင်)
5.တစ်ယောက်ခန်းနေလျှင် USD 2206

မှတ်ချက်

  • ၁) ဖေါ်ပြပါခရီးစဉ်ဈေးနူန်းသည် ခရီးစဉ်တွင် ၂၃-၂၈ အောက်တိုဘာ ရက်အတွင်းသာ ခရီးသွားရန် အကြုံးဝင်ပြီး ယခုလက်ရှိတွင် လေယာဉ်လက်မှတ်နှင့် ဟိုတယ်များကို ဘိုကင်တင်ထားခြင်းများမရှိသေးပါ။
  • ၂) ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ လုံးဝ မရှိပါ။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) ဖေါ်ပြပါ International 4Stars အဆင့်ရှိ ဟိုတယ်များတွင် ၅ ညအိပ်တည်းခိုနိုင်မူ
  • ၂) 5 Star အဆင့်ရှိ Emirate Airlines အသွားအပြန် လေယာဉ်လက်မှတ် (RGN-DXB-RGN)
  • ၃) ဒူဘိုင်းနိုင်ငံ ဗီဇာကြေးနှင့် ဗီဇာ ၀န်ဆောင်မူများ
  • ၄) ခရီးစဉ်တစ်လျှောက် Air Con Bus ဖြင့် လည်ပတ်မူများ (Fully Transporation)
  • ၅) Burj Khalifa Entrance , Motion Gate Entrance fee စသည့် ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအားလုံး
  • ၆) ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ နှင့် ညနေစာများ
  • ၇) ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်တစ်ဘူး
  • ၈) ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် (Local Guide)
  • ၉) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၀) ခရီးစဉ်အစအဆုံး လိုက်ပါ၍ ၀န်ဆောင်မူပေးသော Columbus Travels & Tours မှ Tour Leader

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) လေယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၂) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများနှင့် ၀င်ကြေးများ
  • ၃) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • ၄) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • ၅) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၆) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

****************** End ******************

^