၇ညအိပ်/၈ရက် သြစတြေးလျ ခရီးစဉ်

(မဲလ်ဘုန်း - ဆစ်ဒနီ)

(၁၁ - ၁၈ ဧပြီလ ၂၀၁၉ နှစ်သစ်ကူး အတာသင်္ကြန် ခရီးစဉ်)

Price - 2850 USD


Flight Schedule (Thai Airways)
Date Airlines Flight No. SECTOR DEPT ARRV
11 April Thai Airways TG306 Yangon - Bangkok 19:45 21:40
12 April Thai Airways TG465 Bangkok - Melbourne 00:15 12:05
18 April Thai Airways TG476 Sydney - Bangkok 10:10 16:20
18 April Thai Airways TG305 Bangkok - Yangon 17:50 18:45

Day 1: (20 Oct) YANGON – SINGAPORE -SYDNEY

ဧည့်သည်တော်များသည် ဧပရယ်လ ၁၁ ရက်နေ့ ည ၀၇း၄၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Thai Airway လယာဉ် TG306 ဖြင့် ဘန်ကောက်မြို့သို့ ထွက်ခွာကြပါမည်။ ဘန်ကောက်မြို့သုဝဏ္ဏဘူမိလေဆိပ်သို့ ထိုင်းစံတော်ချိန် ည ၀၉း၄၀ နာရီအချိန်တွင် ရောက်ရှိကာ လေဆိပ်ထဲတွင် Transit ဖြတ်သန်းကြပါမည်။ နောက်တစ်နေ့ မနက်ဦးယံ ၀၀း၁၅ နာရီအချိန်တွင် သုဝဏ္ဏဘူမိလေဆိပ်မှ Thai Airways လေယာဉ်TG465 ဖြင့် သြစကြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ထွက်ခွာကြကာ လေယာဉ်ပေါ် တွင် တစ်ညတာကို အိပ်စက် အနားယူကြပါမည်။

* မှတ်ချက်။ ။ ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ကြပါမည်။

Day 2(12 April) BELBOURNE

နံနက်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် Melbone မြို့သို့ ရောက်ရှိကာ နေ့လည်စာကို Melbone Chinese Restaurant တွင် သုံးဆောင်ကြပါမည်။ Walking Tour အဖြစ် ဈေးဝယ်ဆိုင်များဖြင့်စည်ကားနေသော Little Bourke Street နှင့် China Town သို့ လည်ပတ်ကြကာ St Patrick Cathedral၊ တွင် အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ဆက်လက်၍ Fitzroy Garden နှင့် Captain Cook’s Cottage တို့ကို သွားရောက် လည်ပတ်ကြကာ Federation Square & Flinders Street Station,St Paul Cathedral တို့ကို လည်ပတ်ကြပါမည်။ ထို့နောက် War Memorial ဖြစ်သော The Shrine of Remembrance ကို ဖြတ်သန်းလေ့လာကာ ညစာကို Thai Restaurant တွင် သုံးဆောင်ပြီးနောက် Mercure Hotel Albert Park or Similar 4 Star Hotel သို့ Check in ၀င်၍ တစ်ညတာကို အိပ်စက် အနားယူကြပါမည်။

Day 3(13 April) MELBOURNE - GREAT OCEAN

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် သဘာဝတရားကြီး၏ထူးဆန်းအံသြဖွယ်ရာများကို မြင်တွေ့ခံစားနိုင်သော Great Ocean Road သို့ လည်ပတ်ရန် ထွက်ခွာကြပါမည်။ ကားမောင်းကြာချိန် ၃ နာရီခန့်ကြာပြီးနောက် Great Ocean Road သို့ ရောက်ရှိကာ National Memorial Arch နှင့် Apolo ပင်လယ်အော်တို့ကို လည်ပတ်ကြည့်ရူ့ကြပါမည်။ နေ့လည်စာကို Apollo Bay တွင် သုံးဆောင်ပြီးနောက် ကမ္ဘာကျော် Port Campbell Naional Park သို့ သွားရောက်ကာ သမုဒ္ဒရာအတွင်းမှ သဘာဝအတိုင်း ထူးခြားစွာ ထွက်ပေါ်လာသော Apostles တိုင် ၁၂ တိုင်နှင့် ပင်လယ်ထဲသို့ ထိုးထွက်နေသော ကျောက်ဆောင် ကျောက်တောင် ကြီးများရှိရာ Loch Ard Gorge နှင့် လန်ဒန်တံတားကြီးနှင့် ပုံစံတူသော London Bridge တို့ကို ကြည့်ရူကြပါမည်။ ညနေပိုင်းတွင် မဲလ်ဘုန်းမြို့သို့ ပြန်လည်ထွက်ခွာကြကာ ညစာကို မြန်မာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက် အနားယူကြပါမည်။(မှတ်ချက်။ ။ ဧည့်သည်တော်များသည် Great Ocean တစ်လျှောက် ဟယ်လီကော်ပတာစီး၍ လည်ပတ်လိုပါက Optional Tour for Helicopter Tour USD 200 par pax Additional Charge ပေး၍ လည်ပတ်လို့ရပါသည်။)

Day 4(14 April) MELBOURNE

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ရန် Queen Victoria Market သို့ ဈေးဝယ် ထွက်ချိန်ပေးပါမည်။ ထို့နောက် ခေတ်သစ်ဆိပ်ကမ်းဖွံဖြိုးတိုးတတ်မူများဖြင့် စည်ကားနေသော Docklands နှင့် Yarra River တို့ကို သွားရောက်လည်ပတ်ကြပါမည်။ Melbourne’s Marvel Stadium ရှေ့တွင် အမှတ်တရဓါတ်ပုံရိုက်ကြကာ နေ့လည်စာကို Chinese Restaurant တွင် သုံးဆောင်ကြပါမည်။ ဆက်လက်၍ St Kilda Beach နှင့် St Kilda Pier တွင် ပင်လယ်ကြီးကို သွားရောက် ကြည့်ရူကြကာ Brighton Beach တစ်လျှောက်ရှိ ချစ်စရာအိမ်ငယ်လေးများကို သွားရောက်ကြည့်ရူ့ကြပါမည်။ ထို့နောက် Chadstone Fashion Central Mall (သို့) Direct Factory Outlet DFO South Warf တွင် နှစ်နာရီခန့် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ညစာကို Melbourne Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက်အနားယူကြပါမည်။

Day 5(15 April) MELBOURNE - SYDNEY

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် မဲလ်ဘုန်းလေဆိပ်သို့ ထွက်ခွာကာ Domesticလေယာဉ်ဖြင့် Sydney လေဆိပ်သို့ ဆက်လက်ထွက်ခွာကြပါမည်။ နေ့လည်ပိုင်းတွင် Sydney လေဆိပ်သို့ ရောက်ရှိကာ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ကြပါမည်။ ဆစ်ဒနီမြို့၏ နာမည်ကျော် သဲသောင်ကမ်းခြေတစ်ခုဖြစ်သော Bondi Beach သို့ သွားရောက် လည်ပတ် ကြပါမည်။ ဖြူဖွေးသော သဲသောင်ပြင်နှင့် ပြာလဲ့သောကမ်းခြေတွင် ရေဆော့ကစား ပြီးနောက် Bondi Junction တွင် တစ်နာရီခွဲခန့် ဈေးဝယ်ထွက်ချိန်ပေးပါမည်။ ဆက်လက်၍ La Perouse Beach နှင့် ရေငုပ်သမားတို့ အထူးကြိုက် နှစ်သက်သော Bare Island သို့ လည်ပတ်ပါမည်။ ညစာကို Ashifield Hotel တွင် Buffet ဖြင့် သုံးဆောင်ပြီးနောက် Mercure Hotel Wolli Creek Sydney Hotel or Similar 4 Star Hotelသို့ Check in ၀င်၍ တစ်ညတာကို အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

Day 6(16 April) SYDNEY

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဆစ်ဒနီမြို့၏ အထင်ကရနေရာများဖြစ်သော Sydney Opera House နှင့် သဘောင်္ဆိပ်ကမ်း Ferry Wharfs ထိ Walking Tour လုပ်ပြီးနောက် The Rocks and Pylon Look out Harbour Bridge တို့ကို ဖြတ်သန်းလည်ပတ်ပါမည်။ နေ့လည်စာကို Japanese Restaurant တွင် ဂျပန်အစားအစာဖြင့် သုံးဆောင်ပြီးနောက် နာမည်ကျော် Darling Harbour ဆိပ်ကမ်း နှင့် Habourside Shopping Center တွင် ဈေးဝယ်ကြပါမည်။ ဆက်လက်၍ 5th Governor of New South Wales ၏ မိဖုရားဖြစ်သူကို ဂုဏ်ပြုမှတ်တမ်းတင် ပြုလုပ်ထားသော Mrs Macquarie Chair ကို သွားရောက် ကြည့်ရူ ကြပါမည်။ ထို့နောက် သြစတြေးလျ၏ အကြီးဆုံး ပြည်သူ့အနုပညာပြတိုက်တစ်ခုဖြစ်သော Art Gallery of New South Wales နှင့် St Mary’s Cathedral ဘုရားကျောင်းသို့ လည်ပတ်ကြပါမည်။ ညစာကို Myanmar Restaurant တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက်အနားယူကြပါမည်။

Day 7(17 April) SYDNEY – BLUE MOUNTAIN

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Australia ၏ Grand Canyon ဟုတင်စားခေါ်ဝေါ်ထားသော Blue Mountain National Park သို့ လည်ပတ်ရန် ထွက်ခွာကြပါမည်။ ကားမောင်းကြာချိန် ၃ နာရီခန့်ကြာပြီးနောက် Katoomba မြို့လေးသို့ ရောက်ရှိကာ နေ့လည်စာကို Local Asian Restaurant တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ရင်သပ်ရူမောဖွယ်မြင်ကွင်းများဖြင့် လှပနေသော Three Sisters ကျောက်ညီအမသုံးဖော် ကျောက်တောင်သို့ Sky Way Cable Car စီး၍ တက်ရောက် ကြည့်ရူ ကြပါမည်။ Blue Mountain အတွင်း Echo Point စသည်တို့ကိုလည်ပတ်ပြီးနောက် Jameson Valley သို့ ကမ္ဘာ့အမြန်ဆုံး Rail Cable Car ဖြင့် တောင်ပေါ်သို့ တတ်ရောက်ကာ ရင်သပ်ရူမောဖွယ်ရူခင်းအလှကို ကြည့်ရူခံစားကြပါမည်။ နေ့လည်ပိုင်းတွင် Featherdale Wildlife Park သို့ ၀င်ရောက်ကာ ချစ်စရာ Kangaroons & Koalas အကောင်လေး များကို သွားရောက် ကြည့်ရူ့ကြပါမည်။ ဆက်လက်၍ ဆစ်ဒနီမြို့သို့ ပြန်လည် ထွက်ခွာကြကာ Sydney Olympic Stadium ရှေ့တွင် အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ညစာကို Myanmar Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက်အနားယူကြပါမည်။

********************** End of Tour ********************

၇ညအိပ်/၈ရက် သြစတြေးလျ (Sydney- Melbourne)ခရီးစဉ်ဈေးနှုန်း

(၁၁ - ၁၈ ဧပြီရယ်လ ၂၀၁၉ နှစ်သစ်ကူး အတာသင်္ကြန် ခရီးစဉ်)

1.လူကြီးတစ်ဦးဈေးနူန်း USD 2850 (နှစ်ယောက်တစ်ခန်းနေလျှင်)
2.၁၂ နှစ်အောက်ကလေးဈေးနူန်း USD 2850 (အခန်းတစ်ခန်းထဲတွင် လူကြီးတစ်ဦးဖြင့် အတူနေလျှင်)
3.၁၂ နှစ်အောက်ကလေးဈေးနူန်း USD 2490 (အခန်းတစ်ခန်းထဲတွင် လူကြီးတစ်ဦးဖြင့် အတူနေလျှင်)
4.တစ်ယောက်ခန်းနှင့်နေလျှင် USD 600 (ထပ်ပေးရပါမည်။)

မှတ်ချက်

  • ၁)ဖေါ်ပြပါခရီးစဉ်ဈေးနူန်းများသည် ခရီးစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း အကုန်အပြီးအစီးပါဝင်သောကြောင့် ထပ်မံ၍ ကောက်ခံခြင်းများ (လုံးဝ) လံ
  • ၂)လေယာဉ်လက်မှတ်များ ဖြတ်ပြီးချိန်နှင့် ဟိုတယ်များ Confirm ဖြစ်ပြီးနောက် ခရီးမသွားခင် ၃-၇ ရက် အတွင်း အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်မလိုက်ဖြစ်ပါက ဧည့်သည်တော်များသည် ခရီးစဉ်တစ်ခုလုံး၏ ကျသင့်ငွေ 100% Cancellation Charge ထိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ၃)ဗီဇာရပြီးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်မလိုက်ဖြစ်ပါက ဧည့်သည်တော်များသည် ခရီးစဉ်တစ်ခုလုံး၏ ကျသင့်ငွေ 100% Cancellation Charge ထိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ၄)အကြောင်းအမျိုးမျိုးကြောင့် သံရုံးဗီဇာငြင်းပယ်ခံရပါက Visa ကြေးများ ပြန်လည်ရရှိမည် မဟုတ်ပါ။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ

  • ၁) ဖ်ါပြပါ 4 Star အဆင့်ရှိ ဟိုတယ်များတွင် ၆ ညအိပ်တည်းခိုနိုင်မှု (6 Night Accommodations)
  • ၂) Thai Airways လေယာဉ် ဖြင့် သြစတြေးသို့ အသွားအပြန် လေယာဉ်လက်မှတ်နှင့် 30KG ကီလို
  • ၃) Melbourne မှ Sydney သို့ Domestic Flight
  • ၄) ခရီးစဉ်တစ်လျှောက် 25 Seaters Air Con Bus ကြီးဖြင့် လည်ပတ်မူများ (Fully Transportation)
  • ၅) Blue Mountain နှင့် Gread Ocean Road စသည့် ခရီးစဉ်တွင် ဖေါ်ပြထားသော ၀င်ကြေးများအား
  • ၆) ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ နှင့် ညနေစာများ ဧည့်သည်တစ်ဦးစီအတွက် တစ်နေ့လျှင် ရေသန့်နှစ်ဘူး
  • ၇) ဒသခံ မြန်မာစကားပြော ဧည့်လမ်းညွှန် (Local Guide) ၀န်ဆောင်မူ
  • ၈) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၉) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မှုပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၀) Guide နှင် Driver အတွက်ပေးရသော Tip Money
  • ၁၁) ခရီးစဉ် အစအဆုံး လိုက်ပါဝန်ဆောင်မှုပေးသော Columbus Travels & Tours မှ Tour Leader
  • ၁၂) ခရီးစဉ်တစ်လျှောက် ခရီးသွားအာမခံကြေးနှင့် Blue Ribbon Baggage’s Insurance
  • ၁၃) Columbus Travels & Tours မှ အမှတ်တရ Travel Present များ

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ

  • ၁) သြစတြေးလျဗီဇာကြေးနှင့် ဗီဇာဝန်ဆောင်မူ (Australia Visa Fee 168-220 USD)
  • ၂) လယာဉ်စီးရာတွင် လေကြောင်းလိုင်းမှ သတ်မှတ်ထားသော အလေးချိန်ထက် ၀န်ပိုသယ်ဆောင်ခများ
  • ၃) ခရီးစဉ်တွင် မဖေါ်ပြထားသော အပိုလည်ပတ်မူများနှင့် ၀င်ကြေးများ
  • ၄) ဟိုတယ်နှင့် စားသောက်ဆိုင်တွင် အပိုသုံးဆောင်သော အအေး၊ သောက်ရေသန့် နှင့် အခြားဖျော်ယကာများ
  • ၅) ဟိုတယ်တွင် အသုံးပြုသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခနှင့် Minibar အသုံးပြုခများ
  • ၆) ခရီးဆောင်အိတ်များသယ်ယူခြင်းအတွက် လေဆိပ် နှင့် ဟိုတယ်တွင် ပေးဆောင်ရသော Tip Money
  • ၇) မိမိကိုယ်တိုင်သုံးသော စရိတ်များ (Personal Own Expense)

သြစတြေးလျဗီဇာလျှောက်ရန်လိုအပ်ချက်များ

  • ၁)နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ်မူရင်း (အနည်းဆုံး သက်တမ်း ၆ လ နှင့် ဗီဇာ စာမျက်နှာ အလွှတ် ၂ ရွက် ကျန်ရှိ နေရပါမည်။)
  • ၂)) ၁လက်မခွဲ ၊ နှစ်လက်မ ပတ်လည် ဓါတ်ပုံ ၁ ပုံ (နောက်ခံအဖြူနှင့် ၆ လ အတွင်းရိုက်ကူးထားကာ ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်။ scan ဖတ်ထားပြီး Print ထုတ်ထားသောပုံများ (လုံးဝ) လုံးဝ လက်မခံပါ။)
  • ၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်မူရင်း) နှင့် သန်းခေါင်စာရင်းမူရင်း
    • မိမိ၏ ပတ်စ်ပို့စာအုပ်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းတွင်ပါရှိသော နာမည်နှင့် မွေးသက္ကရာဇ်များ လုံးဝတူညီရပါမည်။
    • သန်းခေါင်စာရင်းထဲတွင် မှတ်ပုံတင်နှင့် မွေးသက္ကရာဇ်တို့ ပါရှိရပါမည်။
    • အသက် ၁၀နှစ်ပြည့်ပြီး ကလေးများ ၁၀ နှစ်ပြည့်မှတ်ပုံတင်ရှိရပါမည်။ ၁၈နှစ်ပြည့်ပြီးပါက ၁၈နှစ်ပြည့် မှတ်ပုံတင်ရှိရမည်။
    • အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် မရှိသေးပါက မွေးစာရင်းမူရင်း နှင့် ကျောင်းသားကဒ် ပြပေးရပါမည်။ ခရီးသွားမည့်သူတို့သည် အိမ်ထောင်ဖက်စုံတွဲဖြစ်သော်လည်း သန်းခေါင်းစာရင်းတွင် မပါဝင်သေးပါက လ.၀.က တွင် ထည့်သွင်းထားရပါမည်။ အကယ်၍ မထည့်ရသေးပါက မိမိတို့၏ လက်ထက် စာချုပ်မူရင်းဖြင့် ပြပေးရပါမည်။
  • ၄) ဗီဇာလျှောက်ရာတွင် သံရုံးသို့ မိမိ၏ ပိုင်ဆိုင်မူပြပေးရပါမည်။ (ပိုင်ဆိုင်မူများများပြပေးနိုင်ပါက ပို၍အဆင်ပြေပါမည်။)
    • မိမိဘဏ်စာအုပ်မူရင်း(Saving Account)နှင့် Balance Certificate မူရင်း
    • ဘဏ်စာအုပ်ထဲတွင် အနည်းဆုံး ပိုက်ဆံသိန်း ၁၀၀ ကျော် နှင့် အထက်ရှိကာ ငွေအသွင်းအထုတ်ရှိပါက ပို၍ အဆင်ပြေ ပါသည်။
    • Current Account ပြပေးပါက ရှေ့ပြီးခဲ့သော ၆ လ အတွက် Bank Statement ပြပေးရမည်။ (သို့မဟုတ်)
    • ဘဏ်စာအုပ်အပြင် ဧည့်သည်တော်များသည် မိမိ၏ အလုပ်အကိုင်အထောက်အထားအဖြစ် လုပ်ငန်းပိုင်ဆိုင်မူရှိပါက လုပ်ငန်းလိုင်စင် မူရင်း/မိတ္တူ၊ Company ဖြစ်ပါက Company လိုင်စင်မူရင်း/မိတ္တူ နှင့် Form 6/26 တို့ကို ပြပေးရပါမည်။
    • ကျောင်းသား၊ကျောင်းသူဖြစ်ပါက ကျောင်းသားကဒ် (သို့) ကျောင်းထောက်ခံစာ ပြပေးရပါမည်။
    • ၀န်ထမ်းဖြစ်ပါက အလုပ် လုပ်ကြောင်းထောက်ခံစာ နှင့် မိမိလုပ်ကိုင်နေသော Company လိုင်စင်မူရင်း/မိတ္တူ နှင့် Form 6/26 တို့ကို ပြပေးရပါမည်။
    • ထို့အပြင် မိမိ၏ အခြားသော ပိုင်ဆိုင်မူအဖြစ် အိမ်၊ ခြံ၊ မြေ၊ တိုက်၊ ကား တို့ကို မိမိ၏ အမည်ပေါက်စရင်းဖြင့် ဖေါ်ပြပေးရပါမည်။
    • မိမိပိုင်ဆိုင်မူ မပြပေးနိုင်ပါက သန်းခေါင်းစာရင်းဝင် မိသားစု၏ ပိုင်ဆိုင်မူဖြင့် ပြ၍ ရပါမည်။ (မိသားစုဝင်၏ ပိုင်ဆိုင်မူ ပြပေးပါက အသုံးပြုကြောင်း စာ ပါရှိပေးရပါမည်။)

****အထက်ဖေါ်ပါ အချက်အလက်များသည် သံရုံးမှ တောင်းခံထားသော လိုအပ်ချက်များဖြစ်ပြီး တစ်ခါတစ်ရံ သံရုံးမှ လိုအပ်သောအချက်အလက်များရှိပါကထပ်မံတောင်းယူနိုင်ပါသောကြောင့်ထပ်မံတင်ပြရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။****

^